ပုထုဇဉ်တွေ ရောက်နိုင်တဲ့ဘုံ

(၁)   နတ်ဘုံ ( ဗြဟ္မာ့ဘုံလည်း ပါတယ် )

(၂)    = လူ့ဘုံ

(၃)     = ငရဲဘုံ

(၄)     = တိရစ္ဆာန်ဘုံ

(၅)     = ပြိတ္တာဘုံ ( အသူရကာယ် ကိုတော့ ပြိတ္တာထဲမှာ ပေါင်းထည့်ထားပါတယ် )

ဒီဘ၀ကသေတာနဲ့ ရုပ်ဟောင်းနာမ်ဟောင်းချုပ်တာနဲ့ ဟိုဘက်ဘ၀မှာ ချက်ချင်း ပဋိသန္ဓေသွားနေပါတယ်  ။ ရုပ်သစ် နာမ်သစ်ဖြစ်ပါတယ် ။

သေပြီး ဘယ်ဘုံမှ မသွားသေးဘဲ အိမ်ဝိုင်းထဲမှာ ခုနစ်ရက်နေတယ်ဆိုတာ မဟုတ်ပါဘူးတဲ့။  အဲဒါ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး  ဟိန္ဒူကနေ ဗုဒ္ဓအယူဝါဒကို ဆင်းသက်လာတာ ။ ဘာသာရေး ဗဟုသုတ မရှိတဲ့ ထေရ၀ါဒ အတွေးအခေါ်မရှိတဲ့ သူတွေက အငှားသုံးရင်း ကြာတော့ ဗုဒ္ဓ၀ါဒ လိုဖြစ်လာပါတယ် ။  အဲဒီ (၅) ဘုံထဲမှာ နတ်ဘုံ  လူ့ဘုံ ၊တိရစ္ဆာန်ဘုံ  ငရဲဘုံရောက်သွားရင် ဒီက အမျှပေးတာကို သာဓုမခေါ်နိုင်ဘူး ။ ပြုတဲ့လူတွေ ကုသိုလ်ရမယ်  တခြား မကျွတ် မလွတ်တဲ့လူတွေ သာဓုခေါ်ရရင် ကျွတ်လွတ်သွားမယ် ဒါကြောင့် ဆွမ်းသွတ်တဲ့ အလုပ်ကတော့ လုပ်သင့်ပါတယ် ။ အကျိုးမဲ့ မဖြစ်ပါ ။ သေသူဟာ ပြိတ္တာဘုံကို ရောက်သွားတယ်ဆိုရင်တော့ ဒီကပေးတဲ့ အမျှကို ကောင်းကောင်းကြီး သာဓုခေါ်ပြီး ကောင်းရာဘုံကို ရောက်သွားနိုင်ပါတယ်။

ပြိတ္တာဘုံရောက်ခဲ့ရင် ကျွတ်လွတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွမ်းသွတ်တာပါ ။ ၀ိဉာဉ်ရှိတယ် ဆိုတဲ့ အယူအဆဟာ ၀ိဉာဉ်ဆိုတဲ့ နာမ်တရားဟာ မြဲတယ်  အတ္တကောင်လေး ရှိတယ်လို့  ယူဆတဲ့ သဿတဒိဋ္ဌိနဲ့ အတ္တဒိဋ္ဌိရဲ့ ချယ်လှယ်လွှမ်းမိုးမှုတွေဖြစ်ပါတယ်။

မေတ္တာရှင် (ရွှေပြည်သာ)၏ မဂ်တား ဖိုလ်တား အန္တရာယ်များစာအုပ်မှ

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး

ငါးမည်ရပြည်ရွှေဘို