ဗောဓိပက္ခိယတရား ၃၇ပါး
ဗောဓိပက္ခိယတရား ၃၇ပါး
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
သတိပဋ္ဌာန်တရားလေးပါး
သမ္မပ္ပဋ္ဌာန်တရားလေးပါး
ဣဒ္ဓိပါဒ်လေးပါး
ဣနြေ္ဒငါးပါး
ဗိုလ်ငါးပါး
ဗောဇ္ဈင်ခုနှစ်ပါး
မဂ္ဂင်ရှစ်ပါး။
ပေါင်းလျှင် ၃၇ပါး ဖြစ်သည်။
သတိပဋ္ဌာန်တရား (၄)ပါး- ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ။
သမ္မပ္ပဋ္ဌာန် (၄)ပါး -
ဖြစ်ပြီးအကုသိုလ်တို့ကို ပါယ်ရန်လုံ့လပြုခြင်း၊
မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်ခြင်းငှာ လုံ့လပြုခြင်း၊
ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် လုံ့လပြုခြင်း၊
မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်အောင် လုံ့လပြုခြင်း။
#ဣဒ္ဓိပါဒ် (၄)ပါး
ဣဒ္ဓိပါဒ်၏ သဘောသည် ပြီးစီးပြည့်စုံခြင်း အနက်ကိုဆောင်၏၊ ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ စသည့် (၄)ပါး ဖြစ်၏။
#ဣနြေ္ဒ (၅) ပါး - အစိုးရခြင်း ပိုင်နိုင်ခြင်း သဘောဆောင်၏
သဒ္ဓိနြေ္ဒ – သဒ္ဓါစေတသိက် ကြည်လင်စူးစိုက်မှု အစိုးရခြင်း၊
ဝီရိယိနြေ္ဒ - ၀ီရိယစေတသိက် မဆုတ်နစ်အောင် ထောက်ကန်အားပေးမှု ကို အစိုးရခြင်း၊
သတိနြေ္ဒ - သတိစေတသိက် သိမှုကို အစိုးရခြင်း၊
သမာဓိနြေ္ဒ - တခုတည်းသော အာရုံတွင် တည်ကြည်စေမှုကို အစိုးရခြင်း၊
ပညိနြေ္ဒ - အာရုံ၏သဘောအမှန်ကို ထိုးထွင်းသိမှု၌ အစိုးရခြင်း။
#ဗိုလ် (၅)ပါး -
သဒ္ဓါဗိုလ် – အားကြီးသော သဒ္ဓါစေတသိက် ယုံကြည်မှု၊
ဝီရိယဗိုလ် - အားကြီးသော ၀ီရိယ လုံ့လ ၊ ရဲရင့်ခြင်း၊
သတိဗိုလ် – အားကြီးသော သတိစေတသိက် ခေါင်းဆောင်တရား၊
သမာဓိဗိုလ် – အားကြီးသောသတိ ဧကဂ္ဂတာ စေတသိက်၊
ပညာဗိုလ် - အားကြီးသောပညာ။
#ဗောဇ္ဈင်(၇)ပါး -
သတိသဗ္ဗောဇ္ဈင် – သစ္စာလေးပါးကို သိကြောင်း အောက်မေ့မှုသတိ၊
ဓမ္မ၀ိဇယသဗ္ဗောဇ္ဈင် – စီစစ်တတ်သည့် ပညာ၊
ဝီရိယ သဗ္ဗောဇ္ဈင် – အားထုတ်မှု ၀ီရိယ၊
ပီတိ သဗ္ဗောဇ္ဈင် – နှစ်သက်ရွှင်လန်းမှု ပီတိ၊
ပဿဒ္ဓိသဗ္ဗောဇ္ဈင် – ငြိမ်းအေးခြင်း၊
သမာဓိသဗ္ဗောဇ္ဈင် – တည်ကြည်ခြင်း ဧကဂ္ဂတာ၊
ဥပေက္ခာသဗ္ဗောဇ္ဈင် – လျစ်လျူရှုမှု စေတသိက်၊
#မဂ္ဂင် (၈)ပါး
သမာဒိဋ္ဌိ – ကောင်းမွန်မှန်ကန်စွာ သိမှု၊
သမ္မာသင်္ကပ္ပ – ကောင်းမွန် မှန်ကန်စွာ ကြံစည်မှု၊
သမ္မာ ၀ါယမ – ကောင်းမွန် မှန်ကန်စွာ အားထုတ်မှု၊
သမ္မာသတိ – ကောင်းမွန် မှန်ကန်စွာ အောက်မေ့မှု၊
သမ္မာ သမာဓိ – ကောင်းမွန် မှန်ကန်စွာ တည်ကြည်မှု၊
သမ္မာ ၀ါစာ – ကောင်းမွန် မှန်ကန်စွာ ပြောဆိုမှု၊
သမ္မာ ကမ္မန္တ – ကောင်းမွန် မှန်ကန်စွာ ပြုလုပ်မှု၊
သမ္မာအာဇီဝ – ကောင်းမွန် မှန်ကန်စွာ အသက်မွေးမှု။
ထို ဗောဓိပက္ခယတရား ၃၇ ပါးကို အနှစ်ချုပ်သော်၊ မဂ္ဂင် ၈ ပါးသာရသည်၊ ထိုမဂ္ဂင် ၈ ပါးကိုအနှစ်ချုပ်သော် သီလ၊ သမာဓိ၊ ပညာ သိက္ခာ (၃)ပါးရသည်။
ချမ်းမြေ့ကြပါစေ။
ဝင်းကျော်ဦး
Comments
Post a Comment