ဆင်ခြေများ

ဆင်ခြေများ
✍✍✍✍✍

ကျနော်တို့ လုပ်သင့်တဲ့အရာတစ်ခုခုကို မလုပ်ဖြစ်တာဟာ ဆင်ခြေတွေကြောင့်လည်း ပါပါတယ်။
ကျနော်တို့ဟာ ဆင်ခြေတွေ အများကြီး ပေးကြတယ်။” တခြားဟာတွေ လုပ်စရာရှိနေတယ်”” ငါ မအားဘူး”” အချိန် မရှိဘူး ”ကျနော်တို့ဟာ အဲဒီဆင်ခြေတွေကို သတိထား စောင့်ကြည့်နေဖို့လိုပါတယ်။
ပြီးတော့ ကျနော်တို့ ဘ၀မှာ နေထိုင်တဲ့အခါ ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို မေးဖို့နဲ့ ဆင်ခြေတွေထဲကို
ပြုတ်ကျမသွားဖို့လည်း သတိထားရပါမယ်။ကျနော်တို့ တစ်ယောက်ချင်းစီ အားလုံးဟာ ဆင်ခြေတွေကို ပြုလုပ်တတ်ကြပါတယ်။ ကျနော်တို့အားလုံးပါပဲ။ကျနော့်မှာလည်း ကျနော့်ရဲ့ ဆင်ခြေတွေရှိတယ်။
သင့်မှာလည်း သင့်ရဲ့ဆင်ခြေတွေ ရှိတာပါပဲ။ယုံပါ။
အဲဒီလို နေတဲ့အခါ ဆင်ခြေတစ်ခုပေးတော့မယ်ဆိုရင် ချက်ချင်းသိပြီး ရပ်ပစ်နိုင်ပါတယ်။
ဒါကြောင့် အမြဲတမ်း သတိရှိနေပါ။ကျနော်တို့ ပြုလုပ်သမျှအရာတိုင်းကို အမြဲတမ်း သတိထားပြီး ကြည့်နေရပါမယ်။

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး