မင်းကျင့်တရား ဆယ်ပါး

မင်းကျင့်တရား ဆယ်ပါး
✍✍✍✍✍✍✍✍✍

၁။ ရက်ရောမှု လွပ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း။ (ဒါန)

၂။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း။ (သီလ)

၃။ တိုင်းသူပြည်သားများ၏ ဘ၀နေထိုင်ချောင်လည်ရေးအတွက်
မိမိ၏ကိုယ်ကျိုးအတ္တကို စွန့်လွတ်အနစ်နာခံခြင်း။ (ပရိစာဂ)

၎။ ဖြောင့်မတ် မှန်ကန်ပြီး တည်ကြည်စွာဆုံးဖြတ်တတ်သည့် အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း။ (အဇ္ဖ၀ံ)

၅။စိတ်ထားသိမ်မွေ့နူးညံ့ပြီး ကြင်နာသနားတတ်ခြင်း။(မဒ္ဒ၀ံ)

၆။ တိုင်းသူပြည်သားများအားကျလောက်အောင် မိမိ၏
ဘ၀အနေအထိုင်ရိုးသားခြင်း။(တပံ)

၇။ အမျက်ဒေါသကင်းစင်ခြင်း ဒေါသကို ဥာဏ်ပညာဖြင့် ထိန်းကွပ်နိုင်ခြင်း (အကောဇံ)

၈။ တိုင်းသူပြည်သားများအပေါ် မညှင်းဆဲ အကြမ်းမဖက်ခြင်း။(အ၀ိဟိံသံ)

၉။ သည်းခံတတ်ခြင်း။(ခန္တီ)

၁၀။ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့်ညီညွတ်မှုကို မြှင့်တင်ခြင်း။ (အ၀ိရောဓနံ)

(ရာဇောဝါဒ သုတ္တန်)

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး