အားသွားလို့လားသူငယ်ချင်း


ချစ်သူငယ်ချင်း

မင်းငါဆုံခိုက်ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်

ဥပုသ်နေ့တွင်ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်

ဆိတ်ငြိမ်နေရာအေးရိပ်သာဝယ်
အာနပါနရသမျှကို သွင်းပရှူရှိုက်
အတူလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်

ဟိုတစ်နေ့က မအားနေရင်း
ချစ်သူငယ်ချင်းမင်းဟာ
သေမင်းခေါ်ရာလိုက်သွားရှာပြီ

ကိုယ်ခေါ်စဉ်ကငြင်းလို့ရလည်း
ခုမှမငြင်း လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ဆိုမိငြားသည်
အားသွားလို့လားသူငယ်ချင်း ။

Credit - Original Writer

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး

ငါးမည်ရပြည်ရွှေဘို