ဘယ်သူဖန်ဆင်းလဲ

ဘဝဖြစ်စဉ်

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ပါးကို ရှင်းလင်းစွာသိ၍
ဖန်ဆင်းရှင် ဝါဒတို့မှ လွတ်ကင်းနိုင်ပါစေ။

#ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂ ပါးမှာ

၁။ သစ္စာလေးပါးတို့ကို မသိခြင်း အဝိဇ္ဇာဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု သင်္ခါရတို့ဖြစ်ရ၏

၂။ ပြုပြင်စီရင်မှု သင်္ခါရဟူသော အကြောင်းကြောင့် သိမှု ဝိဉာဏ်ဖြစ်၏

၃။ သိမှူဝိဉာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်သည်ဖြစ်၏

၎။ နာမ်ရုပ်ဟူသော အကြောင်းကြောင့် အာယတန ခြောက်ပါးသည်ဖြစ်၏။

၅။ အာယတနခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု ဖဿသည် ဖြစ်၏။

၆။ တွေ့ထိမှု ဖဿဟူသော အကြောင်းကြောင့် ခံစားမှု ဝေဒနာသည် ဖြစ်၏။

၇။ံ့ခံစားမှု ဝေဒနာဟူသော အကြောင်းကြောင့် တပ်မက်မှု တဏှာသည် ဖြစ်ရ၏။

၈။ တပ်မက်မှု တဏှာဟူသော အကြောင်းကြောင့် စွဲလန်းမှု ဥပါဒါန် ဖြစ်ရ၏။

၉။ စွဲလန်းမှု ဥပါဒါန် ဟူသော အကြောင်းကြောင့် ဘဝသည် ဖြစ်ရ၏

၁၀။ ဘဝဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေရခြင်း ဇာတိသည်ဖြစ်ရ၏။

၁၁။ ပဋိသန္ဓေနေရခြင်း ဇာတိဟူသော အကြောင်းကြောင့် အိုခြင် ဇရာ သေုခင်း မရဏသည် ဖြစ်ရ၏။

၁၂.။ အိုခြင်း ဇရာ သေခြင်း မရဏ ဟူသောအကြောင်းကြောင့် စိုးရိမ်ပူဆွေးခြင်း သောက ငိုကြွေးခြင်း ပရိဒေဝ ကိုယ်ဆင်းရဲခြင်း ဒုက္ခ စိတ်ဆင်းရဲခြင်း ဒေါမနဿ ပြင်းစွာပူလောင်ခြင်း ဥပါယာသတို့သည် ဖြစ်ကုန်၏။

ထိုကြောင့် လောက၌ ဖန်ဆင်းရှင်ဆိုသော
ပုဂ္ဂိုလ် သည်မရှိသည်သာဖြစ်၍

ထိုသို့မရှိသော ဖန်ဆင်းရှင်ဝါဒတို့မှ
မှန်စွာသိ၍ မှန်ကန်သော ဓမ္မတရား တို့ကို
အကြွင်းမဲ့ ယုံကြည်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး

ငါးမည်ရပြည်ရွှေဘို