ဘဝ ဒဿန
သည်းခံပါ
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့  ခွင့်လွတ်ခဲ့ရပေါင်းလည်းများပြီ။
ကျေးဇူးပါ
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့  ကျေနပ်ခဲ့ရပေါင်းလည်းများပြီ။
အားနာပါတယ်
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့  ဆုံးရှုံးခဲ့ရပေါင်းလည်းများပြီ။
မနက်ဖြန်
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့  စောင့်ခဲ့ရပေါင်းလည်းများပြီ။
စေတနာနဲ့ ပါ
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့  ဝေဒနာဖြစ်ခဲ့ရပေါင်းလည်းများပြီ။
ရပါတယ်
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့  ပေးဆပ်ခဲ့ရပေါင်းလည်းများပြီ။
စိတ်ချပါ
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့  အညာခံခဲ့ရပေါင်းလည်းများပြီ။
ဝင်းကျော်ဦး
Comments
Post a Comment