Kpk

မပြတ်သားတဲ့ ချစ်သူ

သိပ်ချစ်တယ်ပြော

ဒီနှလုံးသားမှာ

စူးနစ်နေအောင်

ဒဏ်ရာတွေပေးလည်း

နင်ပျော်ဖို့အတွက်

ငါပေးဆပ်မယ်....

ချစ်တယ်ဆိုတဲ့

စကားတစ်ရပ်နဲ့

ငါကျေနပ်ရင်း

နင်...ရက်စက်နေလဲ...

ငါ့ နှလုံးသား အစုံက

စီးဆင်းလာတဲ့

ချစ် မေတ္တာတွေကတော့

ဘယ်သောအခါမှ

မပျောက်ကွယ်သွားပါဘူးကွာ

နင်ပျော်ဖို့အတွက်

ငါ့နှလုံးသားကို

စတေးထားတယ်

မပြတ်သားတဲ့ နင့်ကို

မေ့ပစ်လိုက်ရမလား

ငါစဉ်းစားရင်း

နင့်ကို ဆွဲလန်းစိတ်နဲ့

အိပ်ပျက် ညဥ့်နက်ခဲ့တာတွေလဲ..

အကြိမ်ကြိမ်ခါခါပါ

ချစ်သူရယ်.....

Kpk

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး