ကွက်လေးမျိုးတူစွာအားထုတ်ခြင်း
စာပေကျမ်းဂန်များကို သင်ကြားရုံသာ သင်ကြားထားပြီး တရားအားမထုတ်လျှင် အန္တရာယ် မကင်းဘေးမရှင်း တွင်းသာတူးတတ်၍ မအောင်းတတ်သော ကြွက်နှင့်
တူလေသည်။
စာပေကျမ်းဂန် မတတ်သော်ငြားလည်း ဉာဏ်ဖြင့် မှတ်သား ကူးယူပြီး အားထုတ်သဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရှိသူသည် တွင်းမတူးတတ်သော်လည်း တူးပြီးသားတွင်းကိုအောင်း
တတ်သော ကြွက်နှင့် တူလေသည်။
စာပေကျမ်းဂန်လည်း မတတ်၊ ကျင့်ကြံအားထုတ်မှုလည်း
မရှိသဖြင့် ဘာမျှမရသော သူသည် တွင်းလည်းမတူး တတ်၊ အောင်းလည်း မအောင်းတတ်သော ကြွက်နှင့် တူလေသည်။
စာပေကျမ်းဂန်လည်း တတ်၊ ကျင့်ကြံအားထုတ်မှုလည်း
ရှိသဖြင့် အန္တရာယ်ကင်း၍ ဘေးရှင်းခြင်းရှိသော ထို အကောင်းဆုံးသူသည် တွင်းလည်းတူးတတ်၊ အောင်း
လည်းအောင်း တတ်သော ကြွက်နှင့်တူသည်။
ဝင်းကျော်ဦး
Comments
Post a Comment