ဓမ္မစကြာ တရား


ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါရှောင်ရမည်။
မသုံးဆောင်ဘဲ၊ ကိုယ်ဆင်းရဲ၊ ဒါလဲရှောင်ရမည်။
စိတ်အလိုကျ၊ လွှတ်ထားက၊ ကာမသုခါ နုယောဂါ။
ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာ နုယောဂါ။
သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊
ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။
အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန် ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်၊ ဉာဏ်မြင်ပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။

ကိုယ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
စိတ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
ကောင်းဆိုးလတ်ပါ၊ ဝေဒနာ၊ မှန်စွာသိရမည်။
သဘောတရား၊ ထင်ပေငြား၊ ပိုင်းခြားသိရမည်။

ဦးသောဘန (မဟာစည်ဆရာတော်) ၏ ဓမ္မစကြာ တရားတော်

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး