အမြိုက်လက်ဆောင်


အဝိဇ္ဇာ ဘယ်မှာနေ မိမိစိတ်မှာနေ။
တစ်ခါတလေ မိုက်မဲမှု သင်္ခါရကိုပြု။
သင်္ခါရပြုတော့ ဝိညာဏ်တွယ် နာမ်ရုပ်အိမ်ကိုဆွယ်။
အမှီခြောက်သွယ် မှန်တံခါး ကောင်းစွာတပ်ဆင်ထား။
အာရုံခြောက်ပါးတွေ့ဆုံသော် ဝိညာဏ်ခြောက်ပါး ဆိုင်ရာပေါ်။
ပေါ်လာလေတဲ့ အာရုံများ ကောင်းစွာသူခံစား။
ခံစားမိတော့ လိုချင်ပြန် စွဲလမ်းဥပါဒါန်။
ဥပါဒါန်ကြောင့် ရလိုမှု ကံတွေ ထပ်၍ပြု။
ကံပြုမိတော့ ဇာတိပေါ် နာမ်ရုပ်အသစ်ခေါ်။
နာမ်ရုပ်ခေါ်တော့ အိုနာဆုံး သေတော့ခေါင်းတစ်လုံး။

အောင်ဆန်းဆရာတော်
ဗုဒ္ဓညွှန်ကြား မသေဆေးတရားတော်မှ

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး