ကုသိုလ်စွမ်းအား

ကုသိုလ်သည် လှေနှင့် တူပြီး အကုသိုလ်ကံက ကျောက်ခဲနှင့် တူသည်။
ကျောက်ခဲသည် သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ
ရေထဲသို့ကျလျှင် မြုပ်သွားမည် ဖြစ်သည်။
ထို့အတူ အကုသိုလ်သည်လည်း သေးသည်ဖြစ်စေ ကြီးသည်
ဖြစ်စေ ကုသိုလ်ကံတည်းဟူသော အခံလှေမရှိခဲ့သော် အပါယ်
လေးပါးသို့ ဧကန်မုချ  ကျရမည် ဖြစ်သည်။

ကုသိုလ်လှေကလေး ရှိထားပါလျှင် ကုသိုလ်၏ စွမ်းအားကြောင့် နတ်ရွာသုဂတိသို့ ရောက်နိုင်ပေသေး၏။
ကုသိုလ်ကံသည် အကုသိုလ်ကံထက် နည်းသည့်တိုင် စွမ်းအား ပိုကြီးသည့်အတွက် ကောင်းရာသို့ ပို့ပေးနိုင်ခြင်း ဖြစ်သည်။

အရှင်ဇဝန (မေတ္တာရှင် ရွှေပြည်သာ )

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး

ငါးမည်ရပြည်ရွှေဘို