သိကြားမင်းရှိခိုးသော လူပီသသူများ
တစ်ပါးသော ကာလကဖြစ်သည်။ သိကြားမင်း၏ စေခိုင်းချက်အရ အပါးတော်မြဲ မာတလိနတ်သားသည် အာဇာနည်မြင်းတစ်ထောင်
ကသော ရထားကို အသင့်ပြင်ကာ စောင့်စားလျက်နေ၏။ သိကြား
မင်းသည် ဝေဇယန္တာနန်းပြာသာဒ်မှ ဆင်းသက်မလာမီ ဦးစွာအောက် အရပ်သို့  လက်အုပ်ချီ ရှိခိုးလေသည်။ ထို့ နောက်မှ ရထား ဆီသို့  လှမ်းကြွတော်မူလာသည်။ ဤအခြင်းအရာကို မြင်တွေ့ရသော မာ တလိနတ်သားကား ဘဝင်မကျဖြစ်မိသည့်အလျောက် သိကြားမင်း အား လျှောက်ထားမေးမြန်းတော့သည်။
မာတလိ
အရှင်သိကြားမင်း အရှင့်အား နတ်မင်းကြီးလေးပါးနှင့် တကွ နတ်အပေါင်းတို့က ရှိခိုးကြရသည် မဟုတ်ပါလား သို့ပါလျက် အရှိခိုးခံ အရှင်သိကြားမင်းက အဘယ်သို့သော ပုဂ္ဂိုလ်များကို ရှိခိုး နေပြန်ပါသလဲ ဘုရား။
သိကြားမင်း
လူ့ပြည်မှာရှိတဲ့ လူသားများစွာထဲက လူပီသသူတွေကို ငါသိ ကြားမင်း ရှိခိုးခြင်းဖြစ်တယ် မာတလိ။
မာတလိ
လူထဲကလူတွေထဲမှာ လူပီသသူတွေရယ်လို့ တစ်မျိုး ထပ်ပြီး ရှိပါသေးလားဘုရား။
သိကြားမင်း
ရှိပါလေဘိ မာတလိရယ်။
မာတလိ
ဒါဖြင့် လူပီသသူဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုကြောင်း မိန့်ကြားတော်မူပါဘုရား။
သိကြားမင်း
မိဘကို လုပ်ကျွေးခြင်း ကုသိုလ်တွေ ရယူနေတဲ့ ပုဂ္ဂိုလ် မိဘ
ကို ရှိခိုးပြီးမှ အိပ်လေ့ရှိတဲ့ ပုဂ္ဂိုလ် ရတနာသုံးပါးကို ဦးထိပ်
ထား ဆည်းကပ်ကိုးကွယ်နေတဲ့ ဥပါသကာ ဥပါသိကာ အစစ်
ဖြစ်တဲ့ ပုဂ္ဂိုလ် လူတို့ကျင့်အပ်တဲ့ ငါးပါးသီလကို ခါးဝတ်ပမာ
မြဲမြံစွာစောင့်ထိန်းနေတဲ့ ပုဂ္ဂိုလ်၊ မိမိရဲ့သားမယားကို တရား သဖြင့် လုပ်ကျွေးစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်နဲ့ သာသနာ့ဝန် ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ ထေရ်ရှင် ရဟန်းစတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ လူပီသသူတွေပဲမာတလိရဲ့မှတ်ထားကွဲ့ ။
မာတလိ
မှတ်သားထားပါမယ် အရှင်သိကြားမင်း။
သိကြားမင်း
ဒီလိုပုဂ္ဂိုလ်တွေဟာရှိခိုးထိုက်သူတွေဖြစ်လို့ ငါသိကြားမင်း ရှိခိုးမြဲဖြစ်တယ်။ ယခုကစလို့ သင်သည်လဲပဲ အနှီလူပုဂ္ဂိုလ် များကို ရှိခိုးပေတော့ မာတလိ။
မာတလိ
မှန်လှပါ မမေ့မလျော့ ရှိခိုးပါမည် အရှင်သိကြားမင်း။
သိကြားမင်း
ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ။
အရှင်ပညာနန္ဒ (သီတဂူကြယ်တစ်ပွင့်) လူပီသသော လူ့ဘဝ တရားတော်မှ
ဝင်းကျော်ဦး
Comments
Post a Comment