မိမိအလုပ် မဂ်အလုပ်
ဝါးစိမ်းနှစ်လုံးကို ပွတ်သော် ပူလာတတ်သည်။ နဂိုကပါလာ
သော အပူမဟုတ်။ အားစိုက်မှုကြောင့် ပူ၍လာပြီ မီးထွက်လာခြင်းဖြစ်သည်။
မီးသည်အလိုလို မထွက် မီးထွက်အောင် လုပ်ယူရသည်။
မိမိ၏ စိတ်ကို အကဲခတ်ရမည်မှာ မိမိ၏ အလုပ်ဖြစ်သည်။
သောတာပတ္တိမဂ်သည် မိမိ၏ အလုပ်မဟုတ်။ အားထုတ်မှု ရင့်သန်လာအောင် လုပ်ရန်မှာ မိမိ၏ တာဝန်ဖြစ်သည်။ ရင့်သန်လာသော် သူ့ ဘာသာသူလာသည်မှာ မဂ်၏ အလုပ်
ဖြစ်သည်။
ဦးဝိမလ (မိုးကုတ်ဆရာတော်ဆရာတော်ဘုရားကြီး)
Comments
Post a Comment