နိဗ္ဗာန်ရရန် ကုသိုလ်မှန်

နိဗ္ဗာန်ရရန် ကုသိုလ်မှန်
🌿🌿🌿🌿🌿🌿🌿🌿🌿

ဒါနမရှိလျှင် ရိက္ခာမပါသော ခရီးသွားနှင့် အလားတူ၏။
ဒါနနည်းလျှင် ရိက္ခာနည်းသော ခရီးသွားနှင့် အလားတူ၏။
သီလမရှိလျှင် ခြေကျိုးသော ခရီးသွားနှင့် အလားတူ၏။
သီလနည်းလျှင် ခြေမသန်သော ခရီးသွားနှင့် အလားတူ၏။
ဝိပဿနာမရှိလျှင် မျက်စိမမြင်သော ခရီးသွားနှင့် အလားတူ၏။
ဝိပဿနာနည်းလျှင် မျက်စိမွဲသော ခရီးသွားနှင့် အလားတူ၏။
ဒါနဖြစ်စေ သီလဖြစ်စေ ဘာဝနာဖြစ်စေ ကုသိုလ်မှန်လျှင် မိမိတို့ ဆန္ဒပဏိဓိအားလျော်စွာ လိုရာအကျိုးကို ပေးနိုင်ရစေနိုင်
ရောက်စေနိုင်သည်သာဖြစ်ရကား နိဗ္ဗာန်ကို ရောက်လို ရလိုသူမှန်လျှင် ဒါနကို ခင်သည် သီလကို ခင်သည် ဝိပဿနာကို ခင်သည်။
နှစ်လုတ်စာရလျှင် စားသူရှိက တစ်လုတ်စာကို ပေးဝေနိုင် သည်သာလျှင်တည်း။

(ဒီပဲယင်းဆရာတော်ဘုရားကြီး)

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး