Shall နှင့် Should ကွဲကွဲ ပြားပြား အသုံးပြုံပုံ

အင်္ဂလိပ်စာ အရေးအသားနဲ့ အပြောအဆိုမှာ Should ကို အသုံးများ ကြ ပေမယ့် Second language speaker များက Shall ကို အသုံးနည်း ပါတယ်။ အကြောင်း ကတော့ အသုံးပြုရမယ့် နေရာကို သေသေချာချာ မသိကြ လို့ပါ။ ဒါကြောင့်မို့ မျှဝေ ပေးလိုက် ရပါတယ်။

Should ကို အကြံပေးခြင်း (Giving advice) နဲ့ ထောက်ခံပေးခြင်း (Making a recommendation) တို့မှာ အသုံးများ ပါတယ်။

ဥပမာ - You should read this post carefully.

Should က ဖြစ်ပြီး ပျက်ပြီး ကိစ္စ တွေအပေါ် နောင်တ ရတဲ့ အခါကျရင် လည်း အသုံးများပါ သေးတယ်။ အဲ့ဒီအခါကျ Should တစ်လုံးတည်း မဟုတ်ပဲ Should နဲ့ have ကို ပေါင်းပြီး Should've ကို အသုံးပြု ပါတယ်။

ဥပမာ - I should’ve studied harder.

Shall ကို တောင်းဆိုမှု (Offer) မှာ အသုံးပြု ပါတယ်။
ဥပမာ - Shall I pick you up from the airport?

ပြီးတော့ shall ကို အနာဂတ် အကြောင်း ပြောဆိုတဲ့ အခါ အသုံးပြု ပါတယ်။ သိုပပေမယ့် အများစုမှာ Will ကို အသုံးပြုတာ အကောင်းဆုံး ပါပဲ။

ဥပမာ - I shall stop soon. = I will stop soon.

ဒီလောက်ဆိုရင် Shall နဲ့ Should ကို ကွဲကွဲ ပြားပြား အသုံးပြု နိုင်ပြီ လို့ မျော်လင့် ပါတယ်။

ပြန်လည်ဝေမျှအပ်ပါသည်

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး