ငါ


လူရယ်လို့ဖြစ်လာလျှင်..
တစ်ယောက်တည်း နေရတာလည်းမလွယ်၊
အများနှင့် နေရတာလည်းမလွယ်ကူပါ၊
တစ်ယောက်တည်းနေလည်း ကိုယ့်စိတ်ကြိုက် နေလို့မရ၊ ဖြစ်လို့မရ၊
အများနှင့်နေလည်း ကိုယ့်စိတ်ကြိုက် နေလို့မရပါ၊ ဖြစ်လို့မရပါ၊
ကိုယ့်စိတ်ကြိုက်နေချင်ရင်၊ ဖြစ်ချင်ရင် ကိုယ့်ကိုကိုယ် ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ပထမဆုံးဖြစ်အောင် ကြိုးစားကြည့်ပါ၊
ငါသည် ငါ့ရဲ့စိတ်ကြိုက် ဖြစ်လာရင် ငါစိတ်ကြိုက် နေလို့ရပြီ၊ ဖြစ်လို့ရပြီ၊

တစ်ယောက်တည်း နေရတာ သူတပါးမထိခိုက်ပါ၊
အများနှင့် နေရတာ အလိုက်မသိလျှင် အများကိုထိခိုက်၏၊
တစ်ယောက်တည်းနေနေ အများနှင့်နေနေ ငါ့အကြိုက်လည်း မနေနဲ့ သူတပါးအလိုကိုလည်း အတင်းမလိုက်နှင့်၊ အလိုက်သင့် အထိုက်သင့် နေပေးပါ၊
ငါသည် ငါ့အတွက် ဒုက္ခဖြစ်ရင် ဖြစ်ပါစေ၊
သူတပါးတွေအတွက် ဒုက္ခမဖြစ်ပါစေနှင့်၊
ငါသည် ငါ့အတွက် မပျော်ရွှင်သော်လည်း အများအတွက် ပျော်ရွှင်အောင် နေပေးပါ၊
ငါသည် ငါ့ဒုက္ခ ငါမရှာသလို သူတပါးတွေကိုလည်း ငါ့ဒုက္ခမပေးနဲ့၊
ငါသည် ငါသာလျှင် ဖြစ်ပါစေ၊

သူတပါးသည် ငါမဖြစ်ပါ။
After you own a human life ,it is find that not easy to live only and with other neither.   
Even you are living only or with other it is not easy to do as you wish because you are not as you wish yourself.
Wherever you are, don't trouble other and being troubled by other.
As you cannot be other, the other neither you.

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး