လှူတန်းပုံ (၈) မျိုး
လှူတန်းပုံ (၈) မျိုး
🌿🌿🌿🌿🌿🌿🌿🌿
၁။ အာသဇ္ဇဒါန – ရောက်ဆဲခဏ၌ ပေးလှူခြင်း။
၂။ ဘယဒါန – သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း။
၃။ အတီတာပေက္ခဒါန – ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း။
၎။ အနာဂတာပေက္ခဒါန – ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့…….. ဟုနှလုံးသွင်း၍ပေးလှူခြင်း။
၅။ သာဟုဒါန – ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း။
၆။ နာရဟဒါန – စားနိုင်သောသူသည် ၊ မစားနိုင်သောသူ ( မစားရသူ ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ။
၇။ အဗ္ဘုဂ္ဂစ္ဆဒါန – ဤအလှူကိုပေးလှူသည်ရှိသော် ကောင်းသောကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ပေးလှူခြင်း။
၈။ စိတ္တာလင်္ကာရဒါန – ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။
ဝင်းကျော်ဦး
Comments
Post a Comment