အရေးကြီးဆုံး မှတ်သားဖွယ်


                 ကြီး ၊ငယ် ၊လတ် မရွေး လေ့လာလိုက်စား
        မှတ်သားသင့်သည်များ......

၁။ တရားဓမ္မကို လေ့လာမှတ်သား လိုက်နာသင့်သည် ။ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဘဝတွေအတွက်  စိတ်ချမ်းသာသေဖို့ ။

၂။ ပညာရေးကို လေ့လာလိုက်စားဖို့လည်း လိုအပ်ပါတယ် ။ ကုသိုလ် အကိုသိုလ် အမှန် အမှားကို  ခွဲခြားပိုင်ခြား  သိမြင်ဖို့ ။

၃။ စီပွါးရေးကိုလည်း ဘယ်လိုကြိုးစားရှာဖွေ စုဆောင်းထားရမယ်ဆိုတာ လေ့လာမှတ်သားသင့်သည်။ ပစ္စုပ္ပန်ဝမှာ စား ဝတ် နေရေး ပြည့်စုံဖို့။

၎။ ကျန်းမာ သန်မာစွာ နေထိုင်ဖို့ လေ့လာလိုက်စား မှတ်သားသင့်ပါတယ်။ ကျန်မာရေးချို့တဲ့လာလျှင် အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးနိုင်ပါတယ်။ စိတ်မချမ်းသာမှုတွေ တွေ့ကြုံရင်ဆိုင်ရပါလိမ့်မယ်။

၅။ တိုင်ပြည် နိုင်ငံ ကမ္ဘာ့အခြေနေကိုလည်း လေ့လားလိုက်စား နားစွန့်ထားသင့်တယ် ။ စီးပွါးရေး ဘာသာရေး ပြုလုပ်ရာတွင် လက်ရှိခေတ် ကောင်း မကောင်း လိုအပ်တာတွေ ကြိုတင်ပြင်ဆင် ထားဖို့။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး