အဆိုအမိန့်များ
အဆိုအမိန့်များ
✍✍✍✍✍✍✍
၁။ အမှားထဲကသင်ခန်းစာ
ကိုယ့်အမှားကိုယ်သင်းခန်းစာယူတတ်ရင် တစ်သက်လုံးအကျိုးများတယ်။ နောင်အခါအဲဒီအမှားတွေက တန်ဖိုးရှိလာမှာမို့ပဲ။
ဝါရီမာရှယ်လ်
၂။ အတ္တ
ကိုယ့်အတ္တကို ကိုယ့်အဆင့်ကိုယ့်အနေအထားနဲ့သိပ်ကပ်မထားမိစေနဲ့။ ကိုယ့်အဆင့်၊ကိုယ့်အနေအထားကျသွားတဲ့အခါ ကိုယ့်အတ္တပါ အတူပါသွားတတ်တယ်။
ကောလင်းပါးဝဲလ်
၃။ ဒေါသစိတ်ဆိုတာ
ဒေါသစိတ်ဆိုတာ ကိုယ်တိုင်ကအဆိပ်သောက်ပြီး သူများသေတာကိုစောင့်နေတာနဲ့အတူတူပဲ။
မာလာခီ မက်ကုတ်
၎။ အချိန်သူခိုး
အချိန်အခါကောင်းတွေကိုအလစ်သုတ်ပြေးတတ်တဲ့ သူခိုးတစ်ယောက်ရှိတယ်။ ဒေါသတဲ့။
ဂျုံးအန် လန်းဒဲန်
၅။ အတ္တမှင်စာ
အတ္တဆိုတာ ကိုယ့်စိတ်နဲ့ကိုယ့်နှလုံးသားကြားခင်းထားတဲ့ တံတားအောက်ကအကျည်းတန်မှင်စာလေးပါ။
ဒဲန်းနစ်မီးလား
၆။ မိသားစုဆိုတာ
မိသားစုဆိုတာ မရှီမဖြစ်တဲ့ သွင်ပြင်လက္ခဏာပဲ။ ကိုယ်ကသာသူ့ကိုခွဲချင်ခွဲမယ်။ သူကကိုယ့်ကိုခွဲမသွားဘူး။
ဘီလ်ဘူးဖိုဒ်
၇။ လက်ခံတတ်ပါစေ
လက်ဆောင်တစ်ခုကိုနှစ်နှစ်ကာကာမွန်မွန်ရည်ရည်လက်ခံတတ်ရင်ကိုယ့်မှာပြန်ပေးစရာမရှီသည့်တိုင်အောင် ပြန်ပေးဖြစ်လိုက်တာနဲ့ အတူတူပဲ။
လေးဟန့်တ်
၈။ စိတ်ကောင်းစေတနာ
လောကမှစိတ်ရူးအမျိုး ၄၀ ရှိတယ်။ ဒါပေမယ့်စိတ်ကောင်း စေတနာကတော့ တစ်မျိုးတည်းပဲရှိတယ်။
အာဖရိကစကားပုံ
၉။ အရေြး့ကီးတာတွေ
အတိတ်ကို ရိုသေတတ်ဖို့ အရေးကြီး သလို အနာဂတ်ကိုအရေထားဖို့လည်း အရေးကြီးတာပဲ။
ဘရက်ဒ်ဟားဇော့
၁၀။ အပြောင်းအလဲဆိုတာ
အပြောင်းအလဲဆိုတာ တကယ်တော့ ဘဝအတွက် လိုအပ်ချက်မဟုတ်ဘူ။ အပြောင်းအလဲဆိုတာကိုကဘဝပဲ။
အယ်လ်ဗင်တော့ဖ်လာ
ကမ္ဘာကျော်အဆိုအမိန့်များ(၃)
၁။တိုက်ပွဲကိုယ်စီ
ကျွန်မတို့တွေဟာကိုယ်လိုချင်တဲ့ကောင်းပေ့ညွန့်ပေ့ဆိုတာတွေနဲ့ ကိုယ်တကယ်တမ်းရလာတာတွေကြားမှာ နေ့ရှိသမျှ ကိုယ်စီတိုက်ပွဲဆင်နွှဲနေရသူချည်းပါပဲ။
ကေသီဂိုက်စ်ဝိုက်
၂။ လွဲချော်နိုင်တဲ့နည်း
ဘဝမှာ အလွယ်တကူလွဲချော်သွားနိုင်တဲ့နည်းနှစ်နည်းရှီတယ်။ ဘာမဆိုယုံတာနဲ့ ဘာကိုမှမယုံတာ ၊ နှစ်နည်းလုံးကြောင့် လူမှာ အစဉ်းစားဆင်ခြင်ကင်းတတ်တယ်။
အဲလ်ဖရက် ကော်ဇစ်ဘ်စကီး
၃။ အလှအာရုံ
အလှအပခံစားတတ်တဲ့အာရုံ ဆိုတာဦးနှောက်ထဲထည့် ထားတဲ့သံစုံတူရိယာလေးပါ။ လှတာတစ်ခုခုကိုအမှတ်မထင်တိုးမိတိုက်မိလိုက်တာနဲ့ သူ့ဆီ ကတေးညဉ်းသံထွက်လာတော့တာ
ပါပဲ။
ဒေးဗစ် ဂီလန့်တ်နာ
၎။ ဆန့်လို့ရတာအင်္ဂလိပ်စာ
ဘာသာစကားမှာ ဆန့်လို့ရတာ အင်္ဂလိပ်စာပဲ။ အရွယ်တစ်မျိုးတည်းပေမယ့် ဝတ်ကြည့်ရင်အားလုံးနဲ့တော်တယ်။
ဝီလျံ ဆဖိုင်းယား
၅။ အနုပညာရဲ့မျက်နှာ
ကြီးကျယ်တဲ့အနုပညာလက်ရာတိုင်းမှာ မျက်နှာနှစ်ဖက်ရှိတယ်။ တစ်ဖက်ကသူ့ခေတ်ကိုမျက်နှာမူတယ်။ တစ်ဖက်က တော့ အနာဂတ်ကိုမျက်နှာမူတယ်။
ဒယ်နီယယ် ဘာရင်ဘွိုင်းမ်
၆။ ကိုင်း……ပြောစမ်းပါဦး
ငြင်းရမယ်ဆိုရင် ပြောလို့မဆုံးဘူး။ သဘောတူဖို့ဆိုရင်စကား၇ှာမရတော့ဘူး။
ကလ္လန်းဟိုင်းတာဝါ
၇။ အသံစွာလာရင်
ဘယ်ကိစ္စမဆို အသံစွာစွာ ပြောချလိုက်တာနဲ့ တစ်ပြိုင်နက် ပြောချင်တာနဲ့ နည်းနည်းတော့ ကွာသွားတာချည်းပဲ။
ဟာမဲန်းဟက်စ်
၈။ ဂုဏ်သိက္ခာ
ဂုဏ်သိက္ခာ ဆိုတာ ထူထောင်ယူရင်အနှစ် နှစ်ဆယ်ကြာတယ်။ ဖျက်ပစ်ချင်ရင်တော့ ငါးမိနစ်နဲ့ရတယ်။
ဝါရင်းဘတ်ဖက်တ်
၉။ လူချင်းမတူ
သူရဲကောင်းတွေနဲ့အနိုင်ရသူတွေဆိုတာ တစ်မျိုးတစ်စားတည်းမဟုတ်ကြဘူး။
မိုက်ကယ်လ်ကီဗင် ဖားရဲလ်
ဝင်းကျော်ဦး
Comments
Post a Comment