သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုလဲ

How is the best friend?
👬👬👬👬👬👬👬👬👬

သူငယ်ချင်း မိတ်ဆွေကောင်းရှိသူမှာ ကံကောင်းလို့ပဲ ဖြစ်ပါတယ်။
လောကမှာ..
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ့ရှိဖို့ ပေါင်းသင်းဆက်ဆံဖို့ဆိုတာ လွယ်ကူသည့်ကိစ္စ မဟုတ်ပါဘူး။
လူယုတ်မာတွေအတွက် လူယုတ်မာတွေပဲ တွေ့ရှိ  ပေါင်းသင်းဆက်ဆံရမှာပဲ ဖြစ်ပါတယ်။
လူလိမ်တွေ လူညာတွေ ပေါများတဲ့ ခေတ်ကာလကြီးထဲမှာ သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုသတ်မှတ်ချင်သလဲ။
ကိုယ်နှင့်အကျင့် စာရိတ္တတူသူကို သူငယ်ချင်းကောင်းလို့  သတ်မှတ်မလား သို့မဟုတ် ကိုယ်ကြိုက်နှစ်သက်သည့် အရာကို သူလည်းကြိုက်နှစ်သက်ပြီး ကိုယ်မကြိုက်တာကို သူလည်းမကြိုက် ကြိုက်၊မကြိုက်တူတာကို သူငယ်ချင်းကောင်းလို့  သတ်မှတ်မလား။
ကိုယ့်ကိုအမြဲတမ်း ကူညီထောက်ပံ့တဲ့သူကို သူငယ်ချင်းကောင်းလို့  သတ်မှတ်မလား။
ဒါမှမဟုတ်..
ဘယ်သူ့ကိုမဆို တစ်စိတ်တစ်ဝမ်းတည်းထားပြီး ပေါင်းသင်းဆက်ဆံတဲ့သူ၊ သွားအတူ စားအတူ လာအတူ အိပ်အတူ နေအတူစသည် ဘယ်သွားသွား ဘာပဲလုပ်လုပ် အတူတူရှိသူကိုပဲ သူငယ်ချင်းကောင်းဟု ဆိုချင်ပါသလား။
ခေတ်ပေါ်ပစ္စည်းတွေ စားစရာတွေ သိပ္ပံနည်းပညာတွေ ဘာသာရပ်အမျိုးမျိုးတွေ သတင်းအသစ်တွေစသည် ပြောပြလေ့ရှိသူကို သူငယ်ချင်းကောင်းလို့  သတ်မှတ်မလား။
ကိုယ်နှင့်ပါတီကျသူ တည့်သူ ကိုယ့်ပြုလုပ်တဲ့ အမှားတွေကို အမြဲတမ်း သွန်သင်ညွန်ပြ ပြောဆိုဆက်ဆံတတ်သူကို သူငယ်ချင်းကောင်းလို့  ဆိုချင်ပါလား။
မင်းကိုသာ ငါပေါင်းသင်းဆက်ဆံ တစ်ပါးသူတွေကို ငါမပေါင်းဘူး၊ ကိုယ့်အပေါ် နားလည်သည်းခံ ခွင့်လွတ်တတ်သူ ကိုယ်မရှိခိုက် ကိုယ့်ကိစ္စအ၀၀ကို အစစအရာရာ ကူညီပေးတတ်သူကို သူငယ်ချင်းကောင်းလို့ ဆိုမလား ။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို သင်ကိုယ်တိုင် တွေ့ဖူးဆက်ဆံ ပေါင်းသင်း မိတ်ဆွေဖြစ်ချင်ပါသလဲ ။ မည်သို့သော အရည်အချင်း ရှိသောပုဂ္ဂိုလ်ကို သူငယ်ချင်းကောင်းဟု သက်မှတ်မလဲ။
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုသည်မှာ ကိုယ်ကသတ်မှတ်တာလား သို့မဟုတ် ပတ်ဝန်းကျင်က သတ်မှတ်တာလား ။ ကိုယ်ကသူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဖြစ်ချင်တာလား သို့မဟုတ် သူကိုယ်တိုင်က ကိုယ့်ကိုသူငယ်ချင်းကောင်းလို့ သတ်မှတ်တာလား ။
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုသည်မှာ ကိုယ်က ကိုယ့်ကိုယ်ကို သူငယ်ချင်းကောင်းဟု သတ်မှတ်လို့ မရပါ ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေမှ တဆင့် ကိုယ့်သူငယ်ချင်းက ကိုယ့်ကို သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဟု သတ်မှတ်တာပါ ။
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတို့ မည်သည်မှာ သူကောင်းကောင်း မကောင်းကောင်း ကိုယ်က ကောင်းရမှာပါ ။
သို့မှ သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဖြစ်မှာပေါ့။

How do you decide who is the best friend in your life and  you are the best friend for others?
It is easier said than done to choose the best friend of your friends for there are many kinds of people who are very clever at pretending to mislead you as a good friend. 
Do you think that they are your good   friend  who give priority ,help out , political party, social gathering and correct you ?
What types of people to associate with you for life?
It is very difficult to associate with good friends because its require better lot and fate. if you are fortunate at fate, you are welcome to associate with wise people. If you are bad luck , you 'll have to associate with the fool.
For the best friend, who decide,you or your friends?
Actually, nobody decide it for your action and doings  will answer who is the friend.
In this way, may all beings  associate with wise and good people.
With the best wishes. 

င်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး