မေတ္တာ နှင့် သံယောဇဉ်

Affection and attchment

မေတ္တာဆိုသည်မှာ...
   ပေးစပ်ပြီးနောက် မျှော်လင့်ချက်တွေ မရှိတော့ပါ။

သံယောဇဉ်ဆိုသည်မှာ...
   ချည်နှောင်ခြင်း တွယ်ကပ်ခြင်းကို ဆိုလိုပါသည်။
     ရည်ရွယ်ချက် မျှော်လင့်ချက် မရမချင်း တွယ်ကပ်နေတော့သည်။
  တစ်ယောက်က တစ်ယောက်ကို သံယောဇဉ်ရှိလာပြီဆိုလျှင်
တစ်ယောက်ကို တစ်ယောက် လှုပ်လို့မရအေင် တုတ်နှောင်ချည်နှောင် ထားတော့ပါပဲ။
  သံယောဇဉ်ရှိတဲ့သူလည်း သံယောဇဉ်က တုတ်နှောင်ချည်နှောင် ထားသလို
       သံယောဇဉ်ရှိခြင်းကို ခံရတဲ့သူကိုလည်း ချည်နှောင်ထားပြီးသား ဖြစ်သွားရော်။
ဥပမာ....
   နွားတစ်ကောင်ကို ကြိုးနှင့်ချည်နှောင် တုတ်နှောက်ထားမယ်ဆိုရင် နွားလည်းလှုပ်လို့  မရသလို ကြိုးလည်းလှုပ်ရှားလို့ မရတော့ပါ။
သံယောဇဉ်သည်.....
များသောအားဖြင့် ဆိုးကျိုးတွေကို ဖြစ်စေ၏။

                မေတ္တာသည်သာ အေးမြရာ ကြည်နူးရာ ကမ္ဘာဖြစ်၏။
               
Loving kindness is the most peaceful world.

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး