ကာမ
Sensuality
လောကမှာ.
ဖြေရှင်းရခက်ဆုံးပြဿနာ ကာမပြဿနာ၊
ထိန်ချုပ်တားမြစ်ရန် အခက်ဆုံးစိတ် ကာမစိတ်၊
စိတ်အလုပ်ချင်ဆုံးအလုပ် ကာမအလုပ်၊
အလုပ်မရှိခိုက် အားလပ်ချိန်တွေမှာ အဖြစ်များဆုံးစိတ် ကာမစိတ်၊
အစစအရာရာ ယုတ်လျော့စေသည်မှာ ကာမစိတ်၊
လူသားတွေအား ဒုက္ခအမျိုးမျိုး အဖုံးအဖုံး ပေးနေသည်မှာ ကာမ၊
အပင်ပန်းဆုံး အလုပ် ကာမလုပ်၊
အကုသိုလ်အား အမြဲတမ်းတွန်းအားပေးနေသည်မှာ ကာမ၊
ဒေါသအားကြီးစေသော အရာမှာ ကာမ၊
ဇာတိ ဇရာ ဗျာဓိ မရဏတို့ရဲ့ အဓိကတရားခံမှာ ကာမ၊
ဥပဒေအမျိုးအမျိုး ထွက်၊ ထုတ်ရသည်မှာ ကာမကြောင့်၊
စွဲဆောင်မှု အပြင်းထန်းဆုံး အာရုံသည် ကာမအာရုံ၊
ချမ်းသာအတုအရောင်ကို ချမ်းသာအစစ်အရောင် ထင်စေသည်မှာ ကာမချမ်းသာ၊
အလုပ်မရှိသူအား အမြဲတမ်းမလုပ်ပေးနေသည်မှာ ကာမအလုပ်၊
ကာမကြောင့် လူသားတွေ အလုပ်အမျိုးဆုံ လုပ်နေကြရ၏၊
ကာမတရာရဲ့နောက်ကွယ်မှာ နောင်တ တရားတွေ တပုံကြီး တန်းစီ၍နေလေ၏၊
စဉ်စားဆင်ခြင် မှတ်ယူကြပါကုန်တော့ ပညာရှိသူတော်ကောင်းတို့။
Sexual pleasure make many danger,anger,greed,reborn,old,pain and death. Try yourself less sensuality.
The problem which is difficult to solve is the sensuality.
The mind which is not easy to control is sensual desire.
The sensual desire aspire to mind easily to agitate.
The most attractive things is sensual pleasure.
ဝင်းကျော်ဦး
Comments
Post a Comment