အခွင့်အရေး
အခွင့်အရေး
Opportunity
🕳🕳🕳🕳🕳
အခွင့်အရေးတို့မည်သည်...
ဘယ်တော့အခါမျှ နှစ်ကြိမ်နှစ်ခါ လာရိုးထုံးစံ မရှိဘူးဆိုတာ သွေးထွက်အောင် မှန်ပါသည်။
အဲဒါကြောင့်..
လောကနီတိဆရာက ဆိုတာပေါ့
ပထမ အရွယ်မှာ ပညာကို ပြည့်စုံကုန်လုံအောင် ကြိုးစားရှာဖွေစုဆောင်းထားပါ။
ဒုတိယ အရွယ်မှာ စီးပွါးဥစ္စာကို ပြည့်စုံကြွယ်ဝ နောင်ရေးအေးအောင် ကြိုးစားရှာဖွေထားပါ။
တတိယ အရွယ်မှာ တရားဓမ္မကို ကြိုးစားအားထုတ်ထားပါတဲ့။
မှတ်ချက်။
( တရားဓမ္မကို အချိန်အခါ နေရာ အသက်အရွယ် ဘာသာလူမျိုး တိုင်ပြည်မရွေး
နေ့စဉ်နေ့တိုင်း အချိန်အခါမလပ် ကြိုးစားအားထုတ်သင့်တယ်။)
ပညာ စီးပွါးဥစ္စာ ရှာဖွေစုဆောင်းသည့်နေရာမှာ....
တစ်ရွာမပြောင်း သူကောင်းမဖြစ်၊
သေချင်သည့်ကျား တောပြောင်း ဆိုသောစကားပုံနှစ်ခုကို ချင့်ချိန်သင့်၏။
မပြည့်စုံသေးသောသူတို့အတွက် တစ်ရွာမပြောင်း သူကောင်းမဖြစ်။
ပြည့်စုံကြွယ်ဝပြီးသောသူတို့အတွက် သေချင်သည့်ကျား တောပြောင်း ဟုဆိုသော
စကားပုံကို သတိထားပါ။
သတ္တဝါတွေဆိုသည်မှာ ရလေလိုလေ အိုတစ္ဆေနှင့် တူပါတယ်။
ပစ္စည်းဥစ္စာ ရွှေငွေပြည့်စုံ ကြွယ်ဝလာလေ ပိုပြီးလိုချင်လာလေ။
လောဘ ဒေါသ မောဟ အတ္တမီးတွေ သိုက်လောင်မြိုက်လေ
အနိစ္စ ဒုက္ခ အနတ္တ တရားတွေနှင့်ဝေးလေ။
မသိချင်ဟန်ဆောင်လေ မေ့နေလေဖြစ်၏။
မိတ်ဆွေ....
သတိ.................
သင့်အလှည့်ရောက်ခါနီးလေပြီ။
The opportunity never comes twice.
Nothing change nothing will be.
There are three parts in life, first part, you must try to seek for Education to realize falsehood and truth (wrong or right).
Second part, you should make business and economy to live long comfortably .
Third part, you'd better hunt for peaceful mind,religion and places for your life peace and free from any danger (the teachings of the Buddha).
ဝင်းကျော်ဦး
Comments
Post a Comment