အသိဉာဏ်ကောင်းတွေ လိုအပ်တယ်

ကောင်းတာတွေ ကျင့်ဖို့အတွက် အသိဉာဏ်ကောင်းတွေ ရှိဖို့လိုအပ်တယ်။
To practise the best attitudes,its require better intellect

ကောင်းတာတွေ ကျင့်ဖို့အတွက် ပင်ကိုယ်အကျင့်ကောင်းတွေ အသိဉာဏ်ကောင်းတွေ ရှိ့ဖို့လိုအပ်တယ်။
အချို့သော လူတို့ဟာ..
ကောင်းတာတွေကို ကျင့်ကြ မှတ်သားကြ နာယူကြပါတယ်။
ဒါပေမဲ့..
ပင်ကိုယ်စရိုက် ပင်ကိုအကျင့်က ညံ့ဖျင်း ယုတ်မာ ကောက်ကျစ်နေလျှင် ကြိုးစားသလောက် ထင်မှတ်သလောက် မထိရောက်တော့ဘူး။
ပင်ကိုယ်ဗီဇ အကျင့်စာရိတ္တ ကောင်းမွန်ထူးမြတ်တဲ့ ပုဂ္ဂိုလ်သည် ကောင်းတဲ့အကျင့်တွေ မကျင့်လည်း ကျင့်ပြီးသားလိုပါပဲ။
ဘာဖြစ်လို့လည်းဆိုရင် ပင်ကိုယ်အကျင့်ကောင်းတွေရှိနေလို့ပါ။
ပင်ကိုယ်ဗီဇ အသိဉာဏ်ကောင်း စိတ်ထားကောင်း သဘောထားကောင်း ပိုင်ဆိုင်ထားသူသည်
ဘာကိုပဲပြုလုပ်လုပ် ကောင်းတာတွေကိုသာလျှင် ပြုလုပ်ဆောင်ရွက်သွားမှာပါ။
အသိဉာဏ်ကောင်း ဗဟုသုတကောင်း ပိုင်ဆိုင်ထားအောင် ကြိုးစားမှတ်သား နာယူကြပါ။

ကောင်းမွန်သော အပြစ်ကင်းသော အမြင်အာရုံကို မြင်ကြပါစေ။
ကောင်းမွန်သော အပြစ်ကင်းသော အသံအာရုံကိုကြားရပါစေ။
ကောင်းမွန်သော အပြစ်ကင်းသော စကားကို ပြောနိုင်ကြပါစေ။
ကောင်းမွန်သော အပြစ်ကင်းသော အနံအာရုံကို ရှု့မှတ်နိုင်ပါစေ။
ကောင်းမွန်သော အပြစ်ကင်းသော အရသာအာရုံကို ခံစားကြပါစေ။
ကောင်းမွန်သော အပြစ်ကင်းသော အတွေ့အထိအာရုံကို တွေ့ထိခံစားကြပါစေ။

Even one is in a bad attitudes and habits,however one try to learn,listen, act and practise better attitudes are not so lucrative as you wish.
May all beings see,meet,hear,listen,breathe,enjoy and feel better  appearance,sounds,smell,taste and touch at all time.

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး