အဖွဲ့အစည်း
Organization
အဖွဲ့အစည်းတစ်ခု ဂိုဏ်းတစ်ခု စသည်တို့ ဖွဲ့စည်းတော့မည်ဆိုပါလျှင် အဖွဲ့ဝင်တိုင်းမှာ အာဏာပါဝါ အဆိပ်စသည် ရှိကြစမြဲပါဘဲ ။
သို့ပါသောကြောင့်........
မည်သူ့ကိုမဆို အဖွဲ့အစည်းမှ မောင်းထုတ်ပစ်ရန်မှာ မလွယ်ပါဘူး ။ ထုတ်ပစ်မည်ဆိုပါလျှင် အန္တရယ်ရှိနိုင်ပါသည်၊ အဖွဲ့အစည်းတစ်ခုလုံးကို အဆိပ်တတ်စေနိင်ပါသည် ။
မည်သူ့ပါဝါအာဏာကိုမှ အလွဲသုံးစားမလုပ်ပါနှင့်။
မည်သူ့ကိုမှ အကျိုးမယုတ်ပါစေနှင့်။
အဖွဲ့အစည်းတိုင်းမှာ အဖွဲ့ဝင်ကိုယ်စီတွေကြောင့် အကျိုးအမြတ်တွေ တင်ပေါ်ကျော်ဇောမှုတွေ နာမည်ကောင်းရမှုတွေ တရားမျှတမှုတွေ ရရှိကြတာပါ။
ဆန့်ကျင်ဘက်အနေဖြင့်.......
အဖွဲ့အစည်း နာမည်ပျက်မှုတွေ တရားမမျှတမှုတွေ အကျိုးယုတ်မှုတွေ ၊ ရက်စက်ယုတ်မာမှုတွေ စသည်
ဖြစ်လာမှုမှာလည်း အဖွဲ့ဝင်ကိုယ်ဆီတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု ဆုံးဖြတ်ချက်မှားမှုတွေကြောင့် ဖြစ်ကြရတာပါ။
ထို့အတွတ်ကြောင့် ........
အဖွဲ့ဝင်တိုင်းကို ကိုင်းကျွန်းမှီ ၊ ကျွန်းကိုင်းမှီ ဆိုသလို အေးအတူ ပူအမျှ သုခ ၊ ဒုက္ခတွေကို ညီတူ ညီမျှ ဝေစားမျှစား ညီ ညီ မျှမျှ တိုင်တိုင်ပင်ပင် စဉ်းစားပြီးမှ ပြုလုပ်ဆောင်ရွက်ကြပါ။
အဖွဲ့အစည်းတိုင်းကို နာမည်ကောင်းရမှုတွေ ထင်ပေါ်ကျော်ဇောမှုတွေ စသည်ဖြစ်လာစေဖို့အတွတ် အဖွဲ့ဝင်တိုင်းမှာ တာဝန်ကိုယ်ဆီရှိပါတယ် ။
ထိုနည်းအတူ ...........
တိုင်းပြည်၊ လူမျိုး ၊ ဘာသာ ၊ သာသနာနှင့် ကိုယ့်မြို့ ၊ ကိုယ့် ရပ် ၊ ကျေးရွာ ၊ ဒေသ ၊ ကိုယ့်မိသားစု ၊ ကိုယ့် ပတ်ဝန်းကျင် စသည် နာမည်ကောင်းရမှု ၊ ဂုဏ်သတင်းတတ်မှု စသည်တို့အတွတ် လူတိုင်းမှာ တာဝန်အသီးသီး ရှိပါတယ် ။
ကိုယ့်တိုင်းပြည်နှင့် လူမျိုး ၊ ဘာသာ ၊ သာသနာ ထွန်းကားပြန့် ပွား တိုးတတ် ကောင်းမွန် လာအောင် ပြုလုပ်ဆောင်ရွက် ဖို့အတွတ် ပုဂ္ဂိုလ်တိုင်း ကိုယ်ဆီ ကြိုးစားပြုပြင် လုပ်ကိုင်သင့်ပါတယ်။
ဆုတ်ယုတ်ပျက်စီးမှုတွှေ နာမည်ပျက်မှုတွေ တိုင်းပြည်တွေအလယ်မှာ မျက်နှာ ပျက်မှုတွေ စသည်ဖြစ်ပေါ်လာသည်မှာလည်း လူမျိုးတိုင်းမှာ တာဝန်ကိုယ်ဆီရှိပါတယ် ။
ကိုယ့်တိုင်းပြည်နှင့် လူမျိုး ၊ ဘာသာ ၊ သာသနာအတွတ် ဘယ်သူမပြု မိမိမှု ဆိုသလို ကိုယ်တတ်နိုင်သည့်ဘက်က ကိုယ်နိုင်သည့် ၀န်ကို ထမ်းဆောင်ဖို့လိုအပ်ပါလိမ့်မည်။
Make yourself dutiful on your country , nationality and religion because
you are the most responsible one who is able to make famous, popular and
reputable your country.
Who know the duty is responsible.
Don't betray on your organization whenever you are in trouble because
you all fellowships are in equal.
ဝင်းကျော်ဦး
Comments
Post a Comment