စိတ်မညစ်နဲ့

စိတ်ညစ်ရင်

စိတ်ညစ်တာ၊ ထိပ်လန့်တာ ၊ စိုးရိမ်ကြေင့်ကြတာ၊ အားငယ်တာ ပေါ်လာခဲ့ရင် ဆက်လက်မတွေးပဲ အတွေကို ချက်ချင်းရပ်ပစ်လိုက် ၊ အတွေး ကို အသိတရားနဲ့ ထိန်းချုပ်ရမယ် …
မငိုနဲ့ ၊ သက်ပျင်းမချနဲ့၊ မမှိုင်နဲ့ ။ ကလေးတစ်ယောက်ငိုရင် မုန်ရချင်ရမယ် ၊ မုန့်မရရင် တုတ်ရမယ် ၊ လူကြီးငိုတာ ၊မှိုင်တာ ၊ငိုင်တာကျတော့ ကျက်သရေမရှိလို့ ဘယ်သူမှ မကြည့်ချင်လို့ ဘယ်သူမှ ကြည့်မှာ မဟုတ်ဘူး ။ ရှိပြီးသား သူတွေတောင် အနားက ခွာမသွားရင် ကံကောင်း ……
စိတ်ညစ်တာ ၊ စိတ်ညစ်ခံနေတာတွေဟာ ဘာထူးလာမှာလဲ။ စိတ်ညစ်ခံနေလို့ ဘာအကျိုးမှ မဖြစ်လာဘူး။ ဖြစ်လာမှာတော့ ရှိတယ်။အချိန်ကုန်မယ် ၊ကျန်းမာရေးပါ ထိခိုက်လာမယ်။တခြားမဟုတ်တဲ့ မကောင်းတဲ့ဘက် စိတ်ရောက်သွားရင် ငွေပါကုန်မယ်…….
မဆိုင်တဲ့ ကိစ္စတွေတွေးပြီး စိတ်ရှုပ်ထွေးနေရင် အခုလုပ်နေတဲ့ အလုပ်နဲ့ ပတ်သတ်ပြီး အကောင်းဆုံး အကြံတွေ၊ စိတ်ကူးတွေ မထွက်နိုင်တော့……
စိတ်ဆင်ရဲတဲ့သူ၊ ပူလောင်နေတဲ့ သူဟာ ဘာကိုပဲ ကြည်ကြည့် ပူလောင်တဲ့ သဘောကို ဆောင်နေတယ်။ ဘာလုပ်လုပ် စိတ်ညစ်စရာတွေ ချည်းပဲ ဖြစ်နေတက်တယ်....

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး