လုပ်သင့်တာတွေလုပ်
လုပ်သင့်တာတွေလုပ်
👏👏👏👏👏👏👏👏
ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်ဖို့အတွက် ဖြစ်သင့်တာတွေ လုပ်ရပါမယ် လုပ်သင့် လုပ်ထိုက်တာတွေ လုပ်မှသာ မိမိဖြစ်ချင်တွေ ဖြစ်လာမှာပါ။
To be what you want to be, do what you should to do.
ဖြစ်ချင်တာတွေ ဖြစ်ဖို့ လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက်
မလုပ်ချင်တာတွေ လုပ်သင့် ဖြစ်သင့်တာတွေ အရင်ဆုံး စလုပ်ရပါမယ်
လုပ်ချင်တာတွေချည်း လုပ်နေမည်ဆိုလျှင်
ဖြစ်ချင်တာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။
လုပ်ချင်တာတွေများများလုပ်လေ ဖြစ်ချင်တာတွေဖြစ်ဖို့အတွက် အခွင့်လမ်းနည်းလာလေပါပဲ။
လုပ်သင့် ဖြစ်သင့်တာတွေများများ လုပ်လေ လုပ်ချင် ဖြစ်ချင်တာတွေအတွက် အခွင့်လမ်း များ များလေပါပဲ။
ဥပမာ...
ကျောင်းသားတစ်ယောက်ဟာ သူမလုပ်ချင်တဲ့ စာကျက် လေ့လာ မှတ်သား နာယူခြင်းဆိုတဲ့ တာဝန်တွေကို လုပ်ရပါတယ်။
သို့မဟုတ်လျှင်..
ကျောင်းသားဟာ စာမေးပွဲအောင်မှာ မဟုတ်ပါဘူး။ စာမေးပွဲမအောင်လျှင် ဖြစ်ချင် လုပ်ချင်တယ်ဆိုသည့် စီမံကိန်းတွေ ရည်မှန်းချက်တွေ ဖြစ်လာမှာမဟုတ်ပါဘူး။
ကျောင်းသားတစ်ယောက်ဟာ စာပေပညာ မလိုက်စား မလေ့လာဘဲ စီးပွါးရေးလုပ်နေမည်ဆိုပါလျှင် ပညာရှင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
စီးပွါးရေးသမားတစ်ယောက်သည်လည်း စီးပွါးရေးမလုပ်ဘဲ အပျော်အပါး လိုက်စားမည် ဇိမ်ခံနေမည်ဆိုပါလျှင် ချမ်းသာလာမှာ မဟုတ်ပါဘူး။
အောင်မြင်မှုပန်းတိုင်းကို ရောက်ခဲ့တဲ့ အောင်မြင်ကျော်ကြားသူများသည်
သူတို့လုပ်ချင်တာတွေလုပ်ပြီး အောင်မြင်ကျော်ကြားလာတာ မဟုတ်ပါဘူး။
ဖြစ်သင့် လုပ်သင့်တာတွေလုပ်ပြီး အောင်မြင်ကျော်ကြားလာတာပါ။
လုပ်ချင်တာတွေ လုပ်ခြင်းသည် ဒုက္ခပင်လယ်ဝေခြင်းရဲ့ နိဒါန်း ပဋိညာဉ်ဖြစ်ပါတယ်
လုပ်သင့် ဖြစ်သင့်တာတွေ လုက်ခြင်းသည် ချမ်းသာခြင်း ကျန်းမာခြင်းရဲ့အစ သင်္ကေတဖြစ်ပါတယ်။
တကယ်တော့..
ဘ၀ဆိုတာ လုပ်ချင်တာတွေ လုပ်ဖို့အတွက် မွေးဖွား ပေါက်ဖွားလာတာ မဟုတ်ပါဘူး
ဖြစ်ချင်တာတွေ လုပ်ဖို့အတွက်မွေးဖွား ပေါက်ဖွားလာတာ ဖြစ်ပါတယ်။
ဖြစ်ချင်တာ လုပ်သင့်တာကို ဦးစားပေးလုပ်ပါ။
To be what you want to be, do first what you should to do first. Until what you want to do, there is no chance to be what you want to be. The more what you want to do much, the chances are lesser to do what you want to do.
For a instance, even the students are not so eager to study and by heart their lessons, but they have to do their best because they want to pass the exams.
ဝင်းကျော်ဦး
Comments
Post a Comment