စိတ်

Mind

တစ်ခါတစ်လေ ပညာသင်ချိန်မှာ ဒုက္ခအမျိုးမျိုးနှင့် တွေ့ကြုံရင်ဆိုင်ရတတ်သည်။
အရမ်းလောတကြီး ဇွတ်တိုးမလုပ်ပါနှင့်၊ လုပ်ချင်တာ ဖြစ်ချင်တာထက် လုပ်သင့်တာ ဖြစ်သင့်တာကို ဦးစားပေးပါ။
စာမတက်လို့ အပါယ်ငရဲ မကျပါဘူး၊ ဆင်းရဲမွဲတေပြီး မသေပါဘူး၊ လူတွေရဲ့မုန်းချင်းကိုလည်း မခံရပါဘူး၊ လူအရာဝင်ပါတယ်၊ ပစ္စည်းဥစ္စာလည်း ရှာလို့ရပါတယ်၊ ပျော်ရွှင်စွာနေနိုင်ပါတယ်၊ ငြိမ်းချမ်းမှုရနိုင်ပါတယ်၊။ အဓိက စိတ်ဓာတ်တစ်ခုတည်းပါ။
ဘ၀မှာ အကုသိုလ်နည်းပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်အောင် ကြိုးစားပါ။
စိတ်ဓာတ်အစာ ၀အောင်အမြဲတမ်း ကျွေးပေးပါ။
ဆိုလိုသည်မှာ.......
စိတ်ကိုရင့်ကျက်လာအောင် သည်းခံနိုင်စွမ်းရှိလာအောင် မေတ္တာထာနိုင်စွမ်းရှိလာအောင် လေ့ကျင့်ပေးပါ
လမ်းကြောင်းပေးပါ။
စိတ်ကို စိတ်အတိုင်းမထားပါနှင့် စိတ်ကို ကုသိုလ်ဘက်မှာ ကိုင်းညွတ်လာအောင် ဆွဲဆောင်ပေးပါ။
မကောင်းမှုသတ် ကောင်းမှုဖက် ဖြူစင်နှလုံး အစဉ်မှတ်။

To avoid all evil,  

to cultivate good,and to cleanse your mind-
this is the teaching of the Buddhas.
It 's better to reform the mind which is wander.

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး