မိန်းမ နဲ့ ခရီးသွားပါ
Highway လမ်းမကြီးပေါ်တွင် န်းမ နဲ့ ခရီးသွားတူ ကားမောင်ယောက်ျားတစ်ယောက် သူ့နောက်သို့ ရဲကားလိုက်လာသည်ကို တွေ့သောအခါ ကားကို လမ်းဘေးသို့ထိုးရပ်လိုက်သည်။ ရဲ - တစ်နာရီ ၅၅ မိုင်နှုန်းဇုန်မှာ ခင်ဗျား ၇၅ မိုင်လောက် မောင်းနေတယ်၊ ခင်ဗျားကို ဖြတ်ပိုင်းဖြတ်မယ်။ ယောက်ျား - မဟုတ်ရပါဘူး ဆရာရယ်၊
ကျွန်တော်မောင်းတာ မိုင် ၆၀ လောက်ပဲ ရှိပါတယ်။
မိန်းမ - အိုး....ကိုမောင်၊ ရှင်မောင်းနေတာက အနည်းဆုံး မိုင် ၈၀ လောက်ရှိတယ်တော်။
(ယောက်ျားက မိန်းမကို ရွံမုန်းစွာကြည့်သည်)
ရဲ - ခင်ဗျား လုံခြုံရေးခါးပတ် မပတ်တဲ့အတွက်လည်း ဖြတ်ပိုင်းဖြတ်မယ်။ယောက်ျား -
ဟာ.... မဟုတ်တာ ဆရာရယ်၊ ဆရာ ကားနားရောက်လာမှ ကျွန်တော် ခါးပတ်ဖြုတ်လိုက်တာပါ။
မိန်းမ - ကိုမောင်ရယ်၊
ရှင် ဘယ်တုံးက လုံခြုံရေးခါးပတ် ပတ်လို့လဲ။ ဤတွင် ယောက်ျားကမိန်းမဘက်သို့ လှည့်၍အော်သည်။ `` မင်း ပါးစပ်ကို ခဏလေး ပိတ်ထားလို့ ရမလား၊ ဒီ မိန်းမတော့ကွာ´
´ထိုအခါ Highway ရဲက အမျိုးသမီးဘက်လှည့်၍
`` ခင်ဗျားယောက်ျား အမြဲတမ်း အခုလိုအော်တာလား´´ ဟု မေးရာ အမျိုးသမီးက `` မဟုတ်ပါဘူးဆရာရယ်၊ သူမူးသွားမှ အခုလိုအော်တာပါ။
ဝင်းကျော်ဦး
Comments
Post a Comment