မခေါ်ပဲလာ မနှင်ပဲပြေး

♥မခေါ်ဘဲနဲ့ဝင်လာရောက်လာတဲ့
ပျော်ရွှင်မှုတစ်ခုကို
Download လုပ်ပြီး
File တစ်ခုအဖြစ်
နှလုံးသားတစ်နေရာမှာ
Save As လုပ်ထားခဲ့တယ်........

♥တိမ်းညွှတ်လွယ်တဲ့ ငါ့နှလုံးသားကို
လျှို့ဝှက်မှုတွေ လွှမ်းခြုံထားတဲ့
Entertainment တွေနဲ့
လှည့်စားခဲ့ပြန်တယ်..................

♥အသိစိတ်ရဲ့ Warning တွေကြောင့်
သာယာနေတဲ့ မသိစိတ်ကို
Delete လုပ်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ငါ
နှလုံးသားရဲ့ Recycle Bin ထဲက
နှင်ထုတ်ဖို့တော့
မကြိုးစားရက်ခဲ့ပါဘူးလေ............

♥ကဗျာချစ်သူ♥@wko!

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး