ပျောက်ကွယ်သွားချိန်

ပျောက်ကွယ်သွားချိန်
💝💝💝💝💝💝💝💝

♥နင်ကြိုက်တဲ့ မိုးရေစက်တွေ
ငါ့နှလုံးသားမှာ ခိုနားတော့
တတောက်တောက် နဲ့ လေ..
ဖွင့်ချင်မှ ဖွင့်မဲ့တံခါး
အမြဲပိတ်ထားတာ ဘာဆန်းလဲ..

♥အာဒံက ဧ၀ ကိုချစ်တယ်..
ရိုမီယို က ဂျူးလိယက်ကိုချစ်တယ်..
မင်းနန္ဒာ က ရှင်မွှေးလွန်းကိုချစ်တယ်..
ငါကလည်း နင့်ကိုချစ်တာပဲ..

♥ဧ၀ က တုံပြန်တယ်..
ဂျူးလိယက်က လည်းတုံပြန်တယ်..
ရှင်မွှေးလွန်းက လည်းတုံပြန်တယ်..နင်ကလည်းတုံပြန်တာပဲ..
ကွာခြားသွားတဲ့တုံပြန်ပုံက
ငါ့ဘ၀နဲ့ ငါ့ကုသိုလ်..

♥လသာတုန်းအူတဲ့ ခွေးအူသံမှ
ဆွေးစရာကောင်းတာ မဟုတ်ဘူး..
နွေရောက်တိုင်း ဥသြငှက်ရဲ့အသံမှ
လွမ်းစရာကောင်းတာ မဟုတ်ပါဘူး..

♥လေတိုက်လို့ လန်သွားတဲ့ ပြက္ခဒိန်စာရွက်တွေလို
ရက်စွဲတွေက အကုန်မြန်တယ်..
ဂီတာက ကြိုးပြတ်တယ်..
ခံစားချက်က ကျိုးပျက်တယ်..
အသံတူပြီး အကြောင်းကွဲပုံများ..

♥မောင်၇ယ်..
နွေပြီးတော့ မိုးနဲ့ ဆောင်း..
ခံစားချက်မဲ့တဲ့ တေးသွားတစ်ပုဒ်လို
နေစားလိုက် လေစားလိုက်နဲ့ ..
ငါဟာတဖြည်းဖြည်းနဲ့ အရောင်ေ၀၀ါး လာခဲ့ပြီ..
                                             

ဆူးသခင်(ရန်ကုန်)

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး