ချစ်သူ့ပေးတဲ့ လက်ဆောင်

ချစ်သူ့ပေးတဲ့ လက်ဆောင်
💕💕💕💕💕💕💕💕💕💕

♥..ချစ်သူပေးလိုက်တာ
   ပန်းလေး တစ်ပွင့်လား.....?
   နွမ်းလွင့်ကာလေ
   ရနံ့တွေ ပျယ်နေမလား...
   ဒိုင်ယာရီ စာအုပ်ကြားမှာ
   ငါ... သိုဝှက်စွာ သိမ်းထားမယ်..................

♥..ချစ်သူပေးလိုက်တာ
   အလွမ်းလေး တစ်ခုလား......?
   ကျွမ်းနင့်ပါစေ
   နွေတစ်ရာ ပူစေမလား...........
   ဒီအသဲ ကြားမှာ
   ငါ..သိုဝှက်စွာ သိမ်းထားမယ်.....................

♥..သြော်.....
   အလွမ်း ဖြစ်ဖြစ်
   ပန်းဖြစ်ဖြစ်လေ
   မြတ်နိုးမှုတွင်
   သံယောဇဉ်နဲ့
   ချစ်သူကိုယ်ပွား
   နှလုံးသားမှာ
   မစိမ်းကားချင်
   သိမ်းထားချင်တယ် ချစ်သူရယ်................

ညီညီ(မြန်အောင်) 

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး