သိမှတ်စရာ

“To the world you may be one person but to one person you may be the world.”
- Bill Wilson -
မင်းဟာ ကမ္ဘာကြီးအတွက်တော့ လူတစ်ယောက်ပဲ ဖြစ်နေနိုင်တယ်။ ဒါပေမယ့် လူတစ်ယောက်အတွက်တော့ မင်းဟာ ကမ္ဘာကြီးဖြစ်ချင်ဖြစ်နေမှာပေါ့...။
- Bill Wilson -

“The saddest thing about love, Joe, is that not only the love cannot last forever, but even the heartbreak is soon forgotten.”
  -William Faulkner -
  အချစ်နဲ့ပတ်သက်ပြီး ၀မ်းနည်းစရာအကောင်းဆုံးကတော့...ဂျိုးရေ...အချစ်ဆိုတာကပဲ ထာဝရ မတည်တံ့နိုင်တာမဟုတ်တဲု့ပြင် အသည်းကွဲတဲ့ဒဏ်ရာတောင်မှ မကြာခင်မှာ
မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်တယ်ဆိုတဲ့ အချက်ပဲ...။
   -William Faulkner -

“To love means loving the unlovable. To forgive means pardoning the unpardonable. Faith means believing the unbelievable. Hope means hoping when everything seems hopeless.”
-G.K. Chesterton -
  ဘယ်လိုမှ ချစ်လို့မရနိုင်တာကိုချစ်မှ အချစ်လို့ ခေါ်တယ်။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တာကို ခွင့်လွှတ်မှ ခွင့်လွှတ်တယ်လို့ခေါ်တယ်။ မယုံကြည်နိုင်တာကို ယုံကြည်မှ ယုံကြည်မှုလို့ ခေါ်တယ်။
မျှော်လင့်ချက်မဲ့နေတယ်လို့ ထင်ရတဲ့အချိန်မှာတောင် မျှော်လင့်နေမှ မျှော်လင့်ချက်လို့ ခေါ်တယ်...။
-G.K. Chesterton -

“If a man hasn't what's necessary to make a woman love him, it's his fault, not hers.”
- W. Somerset Maugham -
  ယောက်ျားတစ်ယောက်မှာ မိန်းမတစ်ယောက်က သူ့ကိုချစ်လာအောင်လုပ်နိုင်တဲ့ လိုအပ်ချက်တွေ မပြည့်စုံဘူးဆိုရင် အဲဒါ မိန်းမရဲ့ အပြစ်မဟုတ်ဘူး...သူ့အပြစ်ပဲ...။
- W. Somerset Maugham -

“Loving someone is giving them the power to break your heart, but trusting them not to.”
- Julianne Moore -
  တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ကိုယ့်အသည်းကိုခွဲဖို့ လုပ်ပိုင်ခွင့် သူ့လက်ထဲ ထည့်ပေးလိုက်တာပဲ။ ဒါပေမယ့် သူမခွဲလောက်ဘူးလို့လည်း ယုံကြည်နေမိတယ်လေ...။
- Julianne Moore -

“It is better to lose your pride with someone you love rather than to lose that someone you love with your useless pride.”
-John Ruskin -
အသုံးမကျတဲ့ ကိုယ့်မာနကြောင့် ကိုယ်ချစ်တဲ့လူကို စွန့်လွှတ်လိုက်ရတာထက် ကိုယ်ချစ်တဲ့လူတစ်ယောက်အတွက် ကိုယ့်မာနကို စွန့်လွှတ်လိုက်တာက ပိုကောင်းပါသေးတယ်... ။
-John Ruskin -

“Love is honesty. Love is a mutual respect for one another.”
- Simone Elkeles -
အချစ်ဆိုတာ ရိုးသားခြင်း။ အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားခြင်း...။
- Simone Elkeles -

“A man is a success if he gets up in the morning and gets to bed at night, and in between he does what he wants to do.”
- Bob Dylan -
  အောင်မြင်တဲ့လူဆိုတာ မနက်မှာ အိပ်ယာထ၊ ညမှာ အိပ်ယာဝင်၊ ကြားထဲမှာ သူလုပ်ချင်ရာကို လုပ်နေနိုင်တဲ့လူကို ခေါ်တယ်...။
- Bob Dylan -

“Kites rise highest against the wind, not with it.”
  -Winston S. Churchill -
  လေတံခွန်တွေဟာ လေကြောင်းကို ဆန့်ကျင်ပြီး အမြင့်ဆုံးထိ ပျံတက်ကြတယ်။ လေကြောင်းနဲ့အတူ မျှောလိုက်နေကြတာ မဟုတ်ဘူး...။
   -Winston S. Churchill -

“In order to succeed, your desire for success should be greater than your fear of failure. ”
- Bill Cosby -
  အောင်မြင်ဖို့အတွက်ဆိုရင် အောင်မြင်မှုကို လိုလားတောင့်တတဲ့စိတ်ဟာ ရှုံးမှာကြောက်တဲ့စိတ်ထက် ပိုပြီး အင်အားကောင်းနေဖို့ လိုအပ်တယ်...။
- Bill Cosby -

“Love yourself. Forgive yourself. Be true to yourself. How you treat yourself sets the standard for how others will treat you.”
- Steve Maraboli -
  ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ ကိုယ့်ကိုယ်ကို စစ်မှန်ဖြောင့်မတ်ပါ။ မင်းကိုမင်း ဘယ်လိုဆက်ဆံသလဲဆိုတာဟာ တခြားလူတွေက မင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတာအတွက် စံပြပုံစံပဲ ဖြစ်တယ်...။
- Steve Maraboli -

“Every day People straighten up the hair, why not the heart?”
- Ernesto Che Guevara -
လူတွေဟာ ဆံပင် နေ့တိုင်းဖြောင့်ကြတယ်၊ နှလုံးသားကိုတော့ ဘာဖြစ်လို့ မဖြောင့်ကြတာပါလိမ့်...၊
- Ernesto Che Guevara -
 
“The true revolutionary is guided by great feelings of love.”
-Ernesto Che Guevara -
  စစ်မှန်တဲ့ တော်လှန်ရေးကို ချစ်ခြင်းမေတ္တာရဲ့ ခမ်းနားကြီးကျယ်တဲ့ ခံစားချက်က ဦးဆောင်တယ်...။
- Ernesto Che Guevara -

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး