တစ်နေဝင်ပြန်ပြီ
တစ်နေဝင်ပြန်ပြီ
❆ ❆ ❆ ❆ ❆ ❆
မလွဲဧကံ ငါ့ရုပ်နာမ်
သေရန် တစ်ရက်နီးပြန်ပြီ
သေမဲ့အရေး တကယ်တွေး
သေဘေး နာဘေး များခဲ့ပြီ
အိုနာ သေဘေး ဒုက္ခပေး
တစ်သံသရာလုံး များခဲ့ပြီ
အိုဘေး နာဘေး လွတ်ဖို့အရေး
ဝိပဿနာ အားထုတ်လို့ပေး။
ချမ်းမြေ့ကြပါစေ ဝင်းကျော်ဦး
Comments
Post a Comment