စကားကြီး(၃)ခွန်း

စကားကြီး(၃)ခွန်း
✏ ✏ ✏ ✏ ✏ ✏

မြစ်ကြီးလည်း မခန်းပါစေနဲ့
သစ်ပင်ကြီးလည်း မလဲပါစေနဲ့
ထုံးအိုးကြီးလဲ မကွဲပါစေနဲ့

မြစ်ကြီးလည်း မခန်းပါစေနဲ့ " ဆိုတာ အေးမြသောစမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာပါ။ လူလူခြင်း မေတ္တာထားကြ မေတ္တာတရားတွေ ပွားများကြ မေတ္တာတွေ မခန်းကြစေနဲ့လို့ ဆိုတဲ့ အဓိပ္ပါယ်ပါ။

"သစ်ပင်ကြီးလည်း မလဲပါစေနဲ့ " ဆိုတာက သစ်ပင်ကြီးဟာ အခက် အလက် အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ် ထို့အတူပဲ ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။ ဒီအရိပ်အာဝါသတွေကို မဖျက်စီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရပါလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်စီးရာရောက်တာပဲ။

ဒါကြောင့် သစ်ပင်ကြီးလည်း မလှဲအောင် ကြိုးစားထိန်းသိမ်းကြ။

ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ " ဆိုတာကတော့ ရိုးရာဓလေ့ ထုံးစံတွေပြောတာပါ။ မိဘ ဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်ကောင်းတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြိး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။

❆ ❆ ရွှေဥမင်ဆရာတော် ❆ ❆
     ❆ ❆ ❆ ❆ ❆ ❆ ❆   

ခုတော့ မြန်မာပြည်မှာက

မြစ်ကြီးလည်း ခန်းကာနည်းနေပြီ

သစ်ပင်ကြီးကိုလည်း ခုတ်လှဲနေသူများက အများသား

ထုံးအိုးကြီးလည်း ကွဲတော့မယ် အက်ကြောင်းထနေပါပြီ။

အားလုံးသော ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသား
အပေါင်းတို့ ထကြွ နိုးကြားဖို့ အချိန်တန်ပါပြီ။

မေတ္တာဖြင့် ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး