ဆင်သေစီးတဲ့ ကျီးမိုက်


စက်ဆုပ်ဖွယ် မစင်တွင်းမှာဖြင့်၊ ယင်သင်းကမွေ့လျှော်၊
ရွှင်ခြင်းနှင့်အတွေ့ပျော်တယ်၊ မေ့သနော်ဘဝ၊
အပုပ်နံ့ ဘင်အရေကို၊ ခင်သလေစွဲမက်ပြန်ကြ။
ယင်းသင်းနှင့် တူမကွာ သူသူငါ အန္ဓ၊
ယူဓမ္မာ ကြံဆလို့၊ အမှန်မျှမမြင်၊
ကာမဂုဏ်မစင်တွင်းကိုဖြင့် ခင်ရင်းနှင့်၊
ကြင်ရင်းသာဝင်၊ ဆိုးမိုက်တဲ့ပုထုဇဉ်၊
နုနုမြင် ကာမကြောင့်၊ ပမာဒလှိုင်းအထုပေါ်၊
ရိုင်းမှုနှင့်ပျော်၊ ဆင်သေစီးတဲ့ ကျီးအဖော်လို၊
ခရီးမတော် ပျက်စီးရှာကြလေး။

(တည်ဆရာတော် ဓမ္မစာပန်းချီ)

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး