စိတ်ကိုဆုံးမပါ


အရေးမလှတွေးသမျှ၊ ဆွေးရတာလည်း ဒီစိတ်ပဲ။
တရားမဝင် အများပင် မှားချင်တာလည်း ဒီစိတ်ပဲ။
နှလုံးမဝင် မပြုံးရွှင်၊ မုန်းချင်တာလည်း ဒီစိတ်ပဲ။
အပြစ်မမြင် အနှစ်ထင် ချစ်ခင်တာလည်း ဒီစိတ်ပဲ။
ကာမဂုဏ်တွင် အာရုံဝင် ပျော်ရွှင်တာလည်း ဒီစိတ်ပဲ။
အကန်းအသွင်အရမ်းနှင်ကြမ်းခြင်တာလည်း ဒီစိတ်ပဲ။
အပြုအပြင် လူ့တခွင် နုချင် တာလည်း ဒီစိတ်ပဲ။
သတိဥာဏ်ယှဉ် သမ္ပဇဉ် သိမြင်တာလည်း ဒီစိတ်ပဲ။
ဒါန သီလ သမထ ပြုကြတာလည်း ဒီစိတ်ပဲ။

သာသနာကို မကြည်ညို တွန့်တိုတာလည်း ဒီစိတ်ပဲ။
အနေမကျ ခြေမကျ သေရတာလည်း ဒီစိတ်ပဲ။
ဘာဝနာရုပ်၊နာမ်အမြင်သန် ကျင့်ကြံတာလည်း ဒီစိတ်ပဲ။
တစ်မဂ် တစ်ဖိုလ်၊ ရက်တိုတိုရောက်လိုတာလည်း ဒီစိတ်ပဲ။

(တောင်ကလေး ဆရာတော်)

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး