သံဃာပစ်မှား ငရဲလား
" သံဃာပစ်မှား ငရဲလား "
~~~~~~~~~~~~~~~~~~
မျက်မှောက် I T ခေတ်မှာ
ရဟန်း သာမဏေများအပေါ်
အယူလွဲမှား ဘာသာခြားများနှင့်
အသိဉာဏ်ခေါင်းပါး ဘာသာဝင်များပါ
စော်ကားပစ်မှား များမှများ
ဖားငါးသတ်စား မကောင်းမှုများကား
ဖားငါးအသား စားရသေး၏
သံဃာပစ်မှား မကောင်းမှုများကား
မစားရငြားလည်း ပါယ်ငရဲရောက်အံ့ ။
အရှင်ဉာဏာဝုဓ { ဉာဏရောင်ခြည် }
Comments
Post a Comment