လွယ်တယ်ထင်ရင် ဝတ်ကြည့်လိုက်
လွယ်တယ်ထင်ရင် ဝတ်ကြည့်
🍑🍑🍑🍑🍑🍑🍑🍑🍑
ဦးဇင်း
ဘုန်းကြီးဘဝက အေးဆေးပဲနော်
စာလေးကျက်လိုက်
အိပ်လိုက်စားလိုက်
ဒါလေးတွေနဲ့ နေနေရတာ
ဘာမှလည်းမလုပ်ရ အေးချမ်းမှာပေါ့ဘုရား "
ဒီစကားကို ပြောနေသူမှာ
"မိမိ၏ဆွမ်းခံအိမ်က
ဒကာကြီးတစ်ယောက်ဖြစ်သည်
" မိမိက ပြန်လည်ငြင်း၏"
ဒကာကြီး " အေးချမ်းတယ်ဆိုတာ မှန်တယ် နေတက်မှနော်"
မနေတက်ရင် အေးချမ်းတယ်
ဘယ်လောက်ပြောပြော
ဘေးဘဂျမ်းထိတာတွေ သူတို့မသိကြဘူး "
ဒကာကြီး ဘာမှမလုပ်ရဘူးမပြောပါနဲ့ သူ့အလုပ်သူ
ရှိကြပါတယ် "
"" အဲဒါက ခတ်ခဲဘူးလေဘုရား """
လူ့ဘဝကမှ မလွယ်တာ ဦးဇင်း
နေရ ထိုင်ရတာ အရမ်း
ခတ်ခဲတယ် မလွယ်ဘူး """"
မှန်ပါတယ် """""' လူ့ဘဝရောက်သူ
တိုင်း ဒီဒုက္ခတွေ့ကြမှာပါ ဒကာကြီး"
ဦးဇင်းတို့ဘဝက
ဘာဒုက္ခမှမရှိဘူးလေ" လူထွက်
သွားသူတွေ အံ့သြတယ် တပည့်တော် "" ဒီလောက် အေးဆေး
နေရတဲ့ဘဝမှာတောင်မနေနိုင်တာ လူ့ဘဝ လာချင်သေးတယ်"
ဒကာကြီး အဲဒီမပြောပါနဲ့ ဒကာကြီးအနေနဲ့ လွယ်တယ်ထင်ရင် ဝတ်ကြည့်လေ
ဦးဇင်းရယ်""
တပည့်တော် သင်္ကြန်မှာ ဝတ်ဘူးပါတယ်
ပြီးခဲ့တဲ့ ၂နှစ်က
ဆက်ဝတ်ချင်တာ အိမ်ကစီးပွားရေးကြောင့်သာ ပြန်ထွက်လိုက်ရတာ "
မိမိသိပြီ ဒကာတော်က သင်္ကြန်တွင်း ၅ရက်မှာ ခဏတာ
ဝတ်ပြီး ဘာမှမလုပ်ရပဲနေနေတာကြောင့် လွယ်တယ်ထင်တာကိုး
ဒကာတော်ကို မိမိ
ယခုနေနေတဲ့ကျောင်းမှာ
ဝတ်ခိုင်းမှပဲလို့တွေးပြီး""""""
ဒကာကြီး ဒီလိုဆို ဒကာကြီးကို
ဦးဇင်းပြောမယ်
ဒကာကြီး အခု ဦးဇင်းနေတဲ့ကျောင်းမှဝတ် ၁၅ရက် နေနိုင်ရင်
ဦးဇင်းကို ဒကာကြီးကြိုက်တာပြော
အိမ်ကနေ တောင်းပြီး
ပေးမယ် ဒကာကြီးမဝတ်နိုင်ရင် ဒကာကြီး ခုလို ဘုန်းကြီး
စာသင်သားတွေကို
ဘယ်တော့မှ မထင်တော့ဘူး ကတိပေး
ဦးဇင်းက တပည့်တော်မာနကိုစမ်းတာပဲ"" ဒါဆိုလည်း
ပြိုင်ကြည့်တာပေါ့"" တပည့်တော်နေနိုင်ရင် ဦးဇင်းဆီက
ဘာမှမတောင်းပါဘူး ဘုန်းကြီးစာသင်သားဘဝက
လူ့ဘဝလောက် နေရတာမခတ်ခဲဘူးဆိုတာ ဦးဇင်းသိရင်
မြင်ရင် ကျေနပ်ပါပြီ ""'
ဟုတ်ပြီလေ ဒကာကြီး
လာမယ့် တနင်္ဂနွေနေ့မှာ
ဒုလ္လဘ ရဟန်းလာဝတ်
ကျောင်းထိုင်ဆရာတော်ကို
ပြောထားမယ် """"
တင်ပါ့ဘုရား ""
တစ်ပါတ်ကြာသောအခါ
ဒုလ္လဘ ရဟန်းဝတ်လိုက်ပြီဆိုတော့ဗျာ ဒကာကြီးရဲ့ဘွဲ့က ဦးတိဿ ကျွန်ုပ် သူ့ကို ဦးတိဿ ဟုပဲ ခေါ်သည်
ဦးတိဿ ထတော့ဘုရား ၄နာရီခွဲပြီ အရုံတန်းဆွမ်း
ခံကြွရမယ် ညကလည်း
ပြောထားတယ်မလား မျက်နှာသစ်
သွားတိုက် သင်္ကန်းလည်းရုံပေးရအုံးမယ်
မြန်မြန်လေးလုပ်
ဘုရား ၅နာရီသွားရမှာ "
တင်ပါဘုရား ""
၆နာရီလောက် ပြန်ရောက်သည်
အရုံဆွမ်းစားသည်က
၆ခွဲလောက် နာရီဝက် ခဏ အပန်းဖြေဖို့ အချိန်ရသည်
ဦးတိဿ ဘာဖြစ်လို့လည်း "
ဦးဇင်း ဆွမ်းခံသွားတာ ခြေထောက်တွေနာတယ် ခဲကစူးတယ်ဘုရား
နောက်ဆိုကျင့်သားရသွားမှာပါ
ဦးတိဿ မနေနိုင်တော့ဘူးလား ""
အေးဆေးပါဘုရား""
တပည့်တော် ၁၅ရက် မပြည့်သ၍
မထွက်ပါဘူး
တုန် " တုန် " ဦးတိဿ ဆွမ်းပန်းကန်ယူခဲ့
အရုံဆွမ်းစားရအောင် တင်ပါဘုရား
တုန် " တုန် " ဦးဇင်း ဒါက
ဘာတုန်းလည်းဘုရား
အဲဒါက စာကျက်ရမှာ
ရော့ ဦးတိဿ ဒါက ဦးဇင်းစာကျက်ဖို့
ရှင်ကျင့်ဝတ်စာအုပ် ခု ၇ နာရီနော် ၇ခွဲကြ ရှင်ကျင့်
ဝတ်စာဝါ ရှိတယ် စာဝါတက်ရမယ့်စာကို ကိုရင်လေးတွေးမေး
ဖက်ထားပေါ့ မကျက်နိုင်သေးရင် ''
ဦးဇင်း တပည့်တော် ဖက်တက်ဘူးနော်ဘုရား မသင်
ချင်လို့ရဘူးလား"' ဦးတိဿ ကလည်း သာသနာ့
ဘောင်ဝင်မှတော့ ပရိယတ္တိစာပေက သင်ရမှာပဲလေ
ကိုရင်လေးတွေကြည့်ပလား ၄တန်း ၅တန်းအရွယ်တွေ
သူတို့လည်း စစခြင်းတော့ ဖက်တက်ဘူး အချိန်ယူ
ရတာပဲ အရှိန်ပါလာရင် ဖက်တက်သွားမှာ "
၉နာရီလောက်
ကိုယ့်ဆွမ်းခံကိုသွားကြ၏
ဦးတိဿ တော့ ခဏဝတ်သည်မို့
ဆွမ်းခံအိမ် မရှိ
ကျောင်းက တခြားဆွမ်းခံကြွသူတွေနဲ့အတူ ဘုန်းပေးရ၏
နေ့လည် ၁၁ဆွမ်းစား
၁၂ကနေ ၁နာရီထိက ခေတ္တ
ကျိန်းစက်
တုန် " တုန် "
ကဲ ဦးတိဿ ရော့ ဒါက သင်္ဂြိုဟ်စာအုပ်
နားလည်အောင်ပြောရရင် အဘိဓမ္မာ စာအုပ်ပေါ့
ဒါကလည်း မနက်ကလို စာဝါတက်ရမှာ ၂နာရီအထိ
ပေါ့ ရသလောက်မှတ် ကျက်ထားပေတော့
တုန် " တုန် "
ရော့ ဦးတိဿ ဒါက သဒ္ဒါစာအုပ်
ဒါလည်း အရင်စာဝါတွေလိုပဲ သူက၄နာရီအထိ ၃နာရီကနေ
တုန် " တုန် "
ရော့ ဦးတိဿ ဒါက ညဝါစာအုပ်
၅နာရီကနေ ၆နာရီအထိ
စာဝါဆင်း ရေမိုးချိုး သိပ်မကြာမီ ၆နာရီ၄၅ မိနစ်မှာ
ဘုရားဝတ်တက်ရ၏
ညအခါ ၈နာရီကနေ ၉ခွဲအထိ စာကျက်ရ၏
ဒီဒဏ်တွေကြောင့် ဦးတိဿ မနေနိုင် ဗိုက်ဆာလာပုံရ၏
ဦးဇင်း ဗိုက်ဆာတယ် ""
အဲဒါဆို ခဏနော်""
ရော့ဘုရား ဘုန်းပေး "
ဟာ ဦးဇင်း သိုးနံ့တွေထွက်နေပြီ "
ချဉ် လို့လား ဦးတိဿ ""ရဲ့ ချဉ်တော့ ချဉ်ဘူးဘုရား အနံ့ကထွက်ရုံပါ "
ဒီချိန်ကတော့ ဒီလိုပဲ " ဒါတောင် ကိုရင်ငယ်
လေးတွေ ဆရာတော်မသိအောင် ခိုးပြီး နေ့လည်က ချန်ထား
ရတာ စားလိုက်ပါ တော်ကြာ ဆရာတော် သံဃာလာစစ်
တော့မယ်
ဦးဇင်း " တပည့်တော်သင်္ကန်းတွေ နံနေပြီ
လျှော်ဖွတ်ရအုံးမယ် ဘယ်လိုလျှော်ဖွတ်ရတာလည်း"""
တပည့်တော် နိုင်ဘူးဘုရားလျှော်ဖွတ်ဖို့""သင်္ကန်းကို
ကိုရငိလေးတွေကြည့်ကြည့်လေ သူတို့လည်း
မနိုင်မနင်းနဲ့လျှော်ဖွတ်ရတာ စာသင်သားတွေအားလုံး
ဒီလိုပဲလျှော်ဖွတ်တာပဲ
ဦးတိဿ မချိုမချင်မျက်နှာနဲ့သင်္ကန်းလျှော်ဖွတ်လေတော့၏ "
၅ရက်အကြာ ညတစ်ည ဦးတိဿ စဉ်းစားချေပြီ
ဒီလောက် တစ်နေကုန် တစ်နေခန်း စာကြီးကျက်နေရတာ
ပျင်းလာပြီ ညဆိုလည်းမနားရ ဥပုဒ်နေ့တစ်ရက်သာ
နားရက်ရှိ၏ ညဗိုက်ဆာလည်း ခိုးစားရ ဒါတောင်
သိုးနံ့ထွက်တဲ့အခါတွေရှိသေးတယ် ကိုရင်လေးတွေ
စာသင်သားလူငယ်တွေ ဘယ်လိုနေနိုင်လည်းမပြောတက်
မိဘနဲ့လည်းမတွေ့ရ မမြင်ရ ဘယ်မှဆွေမျိုးမရှိ
သူတို့ကြည့်ပြီး လေးစားမိတာအမှန်ပင်
ဖြစ်ချင်ရာဖြစ် ဒီည ငါ အိမ်ထွက်ပြေးမယ်ဟု စဉ်းစား
ပြီး ထွက်ပြေးတော့၏
ဦးဇင်း ""
ဆရာတော်ခေါ်နေတယ် "
မင်းအဝတ်ခိုင်းထားတဲ့ ဦးတိဿ ရှာမတွေ့ဘူး
ဆွမ်းခံလည်းမလိုက်ဘူး ဆွမ်းလည်းမစားဘူး
"'တင်ပါဘုရား "
သူအိမ်ပြန်ပြေးပြီထင်တယ်ဘုရား
ဝတ်တာမှ ၅ရက်ရှိသေး ပြေးပြီ" ကောင်းရော့ကွာ
မင်းကိစ္စ မင်းဘာသူရှင်းနော်
တင်ပါဘုရား""
မိမိ ဆွမ်းခံသွားသောအခါ ဒကာတော်က
ဦးဇင်း တပည့်တော်သိပြီဘုရား
စာသင်သား ရဟန်းဘဝက ပိုပြီးခတ်ခဲတယ်ဆိုတာ""'
ဒါကြောင့် ဘယ်သူမှမဝတ်ချင်ကြတာ
ပင်ပန်းရင်တောင် ဘာမှဖြေစရာမရှိဘူး
လူ့ဘဝက ကာရာအိုကေတို့ အပေါင်းဖော်
တွေနဲ့ ညအခါအချိန်မတော်ထိလျှောက်
လည်တာတို့ ခေတ်မှီ ကပွဲတွေသွားပြီး ဖြေဖြောက်
လို့ရသေးတယ် စာသင်သား
ရဟန်းဘဝက ကိုယ်တိုင်ဝတ်ပြီး
ကိုယ်တိုင်
စာသင်သားရဟန်းတွေလို နေကြည့်မှ ခတ်ခဲမှန်းသိ
တော့တယ် အရမ်းကြည်ညိုမိပါတယ်ဘုရား "'
တပည့်တော် ဘယ်သောအခါမှ အထင်မသေးတော့ဘူး
ဘုရား စာသင်သား ရဟန်းတွေအပေါ်
ကတိပေးပါတယ်""
သာဓုပါ ဒကာကြီး "
ဒါကြောင့် ဦးဇင်းပြောချင်တာက"
လွယ်တင်ထယ်ရင် ဝတ်ကြည့်"
ဘေးကနေ အပေါ်ယံကြည့်ပြီး အေးဆေးနေရတယ်
မထင်နဲ့ လို့ "
မှန်ပါ "
တပည့်တော် အားလုံးက
ိုပြောပြလိုက်ပမယ်ဘုရား ကိုယ်တွေ့ဆိုတာကို """ ဘုန်းကြီး စာသင်သား
ဘဝက အလေးပင် မမရတာကို စီးပွားမရှာရတာကို
ပင်ပန်းနေတယ်ထင်သူတွေကို
" စိတ် "ဘယ်လောက်ထိ
အဆင်းရဲခံပြီး သာသနာမှာ
နေနေကြတယ်ဆိုတာ
အားလုံးကို ပြောပြလိုက်ပါ့မယ်ဘုရား """"
ဒကာကြီး အမြင်မှန်ရသွားတာကို ဝမ်းသာရင်း !""
ခက်ခဲ နတ်နဲတဲ့ လူတိုင်းမဝတ်နိုင်တဲ့
ဒီဘဝလေးမှာ
မိမိ ဘယ်သောအခါမှာ ပါရမီကုန်မယ်မသိဘယ်သောအခါမှာ ထွက်ပြေးမိမလဲစဉ်းစားရင်းးးးးးးးးး။
====================
(သောတုဇန စာသင်ပျိုမြိုင်)
Comments
Post a Comment