စိတ်ကိုခွန်အား

ဆရာတော်ဦးဇောတိက ဆုံးမစာ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

အမှန်တော့ ဘ၀နဲ့ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည်ရှိပြီးတော့ ဒီအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့ သူတွေကမှ ရတယ်။

သူတစ်ပါးအပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

စေတနာဆိုးနဲ့ လုပ်တာတွေအားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားတယ်။

ဘ၀တစ်ခုလုံးဟာ လက်တွေ့စမ်းသပ်မှု လာပ်နေတာပဲ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။

တစ်ချို့လူတွေဟာ မှားနေမှန်းမသိဘူး
တစ်ချို့ကြပြန်တော့ မှားနေမှန်း သိပါလျှက် မပြင်ချင်ဘူး။ အဲ့ဒီလူတွေဟာ အသိဉာဏ် မကြီးထွားဘူး မတိုးတက်ဘူး။

မမှားဘူးတဲ့သူ မရှိပါဘူး။ အမှားကင်းဖို့ဆိုတာလည်း သိပ်မလွယ်ဘူး ။

အမှားနည်းဖို့ ကျိုးစားရမှာ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မလုပ်မိဖို့ပဲ လိုပါတယ်။

သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။

ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားလိုက်ပါ။

အသေးအမွှားအဆိုးတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့အလုပ် တန်ဘိုးရှိတဲ့ အလုပ်တွေကို လုပ်နေပါ။

အကောင်းအဆိုး နှစ်မျိုးလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီး ရင့်ကျတ်တဲ့သူဖြစ်မယ်။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး