ခိုကိုးရာရှာထားပါ ဒီလမ်းက ကွယ်တော့မယ် (၂)
အဲဒီတော့ အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ပွားများယူလိုက်ရင် မဂ္ဂင်ပေါ်တာပါပဲ…. (မှန်ပါ့) ပွားများယူလိုက်ရင် … ( မဂ္ဂင်ပေါ်ပါတယ်ဘုရား) ။
၂ - နံပါတ်ထဲက တရားတွေ အခုစိတ်ရှုလိုက် ဖြစ်ပျက်မြင် ဖြစ်ပျက်က အနိစ္စ၊ မြင်တာက မဂ္ဂ …. (မှန်ပါ့ဘုရား ) ဝေဒနာ ရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာကဖြစ်ပြီး ပျက်လို့ အနိစ္စ… (မှန်ပါ့) မြင်တာက မဂ္ဂဆိုတော့ မဂ္ဂင်ဆိုတာ ၀မ်းထဲရောက်ပြီ … (ရောက်ပါပြီဘုရား) မရောက်ဘူလား…. (ရောက်ပါပြီ)။
မဂ္ဂင်ရောက်ပြီးသကာလ လာတော့ ရှေ့တွင်ပဲပြလိုက်တော့ ဒီဘက်က ၃-နံပါတ် ကိလေသာ, တဏှာ,ဥပါဒါန်,ကံတွေကော … (မလာပါဘုရား) မလာဘူး၊ ဒါ,မဂ္ဂင်ကဖြတ်လိုက်တာ (မှန်ပါ့) ။
နောက် - မဂ္ဂသစ္စာတွေ ချက်ချင်းရော်ကလာတော့ နိရောဓသစ္စာဘက် ပို့လိုက်တယ်ဆိုတာကော… (မဂ္ဂင်ဓမ္မပါဘုရား)။
ဒါဖြင့် ဒီဟာ… အားကိုရာမရှိတဲ့ပုဂ္ဂိုလ်များမှာ နိဗ္ဗာန်မရောက်သေးဘူး… (မရောက်သေးပါဘုရား)။
ဒီဟာအားကိုးရာမရှိတဲ့ ပုဂ္ဂိုလ်များမှာ… (နိဗ္ဗာန်မရောက်သေးပါဘုရား)။
သြော်…ဒါဖြင့် ဒကာကြွယ်ရေ … နတ်ပြည်, ဗြဟ္မာ့ည်တွေကိုဖြင့် သွားပြီးသကာလ သစ်ပင်တတ်တဲ့လူက သစ်ကိုင်းခြောက်ဆွဲသလို ကျိုးကျမှာစိုးရိမ်ရတယ်… (မှန်ပါ့ဘုရား) ကျိုးတတ်တဲ့ ဓမ္မတွေကိုး (မှန်လှပါဘုရား) ပျက်တတ်တဲ့ ဓမ္မတွေကိုး (မှန်လှပါဘုရား)။
အားကိုးမလွဲပါစေနဲ့
အဲဒါတွေကြောင့် အားကိုးမလွဲပါစေနဲ့ ဆိုတာကို ဦးဘအုန်း သတိပေးရတယ် - (မှန်ပါ့) အားကိုးမလွဲပါစေနဲ့ဆိုတာ (သတိပေးရပါတယ်ဘုရား) ဘာကြောင့်တုံး မခိုင်လို့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ) မခိုင်တာအားကိုးလို့ရှိရင် မခိုင်သလို ကိုယ်နစ်နာလိမ့်မယ် (မှန်ပါ့)။
မခိုင်တာအားကိုးရင် …(မခိုင်သလို နစ်နာမှာပါဘုရား ) မခိုင်သလို နစ်နာရမယ်ဆိုတဲ့ ဥစ္စာ မသေချာဘူးလား (သေချာပါတယ်ဘုရား) ။
အေး…ဒါ့ကြောင့် မဂ္ဂင်အလုပ်ကလဲ ဆုတောင်းလို့ မရ ၂ - နံပါတ်တွေကိုပျက်မြင်မှ ၀မ်းထဲရောက်လာတယ် (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် မဂ္ဂင်ရောက် လာပါ့မလား… (မရောက်လာပါဘုရား)။
မရောက်လို့ရှိရင်လဲ ကိလေသာရန်သူ မဖြစ်နိုင်တာလဲ သူပဲ … (မှန်ပါ့) နိဗ္ဗာန်မပို့နိုင်တာလဲ သူမရလို့ပဲ …. (မှန်ပါ့) သဘောကျပြီ … (ကျပါပြီ)။
ကိလေသာရန်သူမဖြတ်တာလဲ မဂ်မရလို့ (မှန်ပါ့) နိဗ္ဗာန် မရောက်တာလဲ… (မဂ်မရလို့ပါဘုရား) မဂ်မရလို့ ဆိုတာဖြင့် ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ …. (မှန်ပါ့)။
ကိုင်း… ဒါဖြင့် ၂ - နံပါတ်ရှိတဲ့တရားတွေ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါဘုရား) ဖြစ်ပျက်ရှုရမှာဆိုတော့ ဒကာကြွယ် ခင်ဗျားတို့က လုပ်ရှုရမှာပါလား၊ သူဖြစ်ပြီး ပျက်နေတာကို ကိုယ်က ကြည့်ရုံပဲလား… (သူကဖြစ်ပြီး ပျက်နေတာကို ကိုယ်ကကြည့်ရုံပါဘုရား)။
သူကဖြစ်ပျက်ပြမှာပဲဆိုတာ ဒကာ ဒကာမတို့ မှတ်ပါ (မှန့်ပါ့ဘုရား) ကိုယ်က ကြည့်တတ်တဲ့ဥာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ အပျက်မြင်ရင် မဂ်ဝင်လာတယ်မှတ်ပါ… (မှန်ပါ့ဘုရား) အပျက်မြင်ရင် (မဂ်ဝင်လာပါတယ်ဘုရား) အပျက်မြင်ရင် မဂ်ဝင်လာတော့ ကိလေသာရန်သူလဲ ရှိသေးရဲ့လား (မရှိပါဘုရား) သဘောကျပြီ… (ကျပါပြီဘုရား) ။
ဒုက္ခသစ္စာကြီးများ ချုပ်သွားတော့ … အပျက်တွေမြင်လို့ ၊ အပျက်တွေမုန်းလို့ အပျက်တွေဆုံး သွားတာ ဒုက္ခဆုံးတယ်- (မှန်ပါ့ဘုရား) ဒုက္ခဆုံးသွားပြန်တော့ နိဗ္ဗာန်တွေ့ရတယ်… (မှန်ပါ့) မတွေ့ရဘူလား . (တွေ့ရပါတယ်ဘုရား)။
သြော် … ဒါဖြင့် ကိလေသာ ရန်သူတွေကို ကန့်ကွက်တာလဲ သူပဲ .. (မှန်ပါ့) အပျက်- အဆုံး နိဗ္ဗာန်သို့ပို့တာလဲ - (သူပါပဲ ဘုရား) ။
ဒါဖြင့် ဒီအားကိုးလုံးကလေးဖြင့် အားလုံးတရားတစ်ပွဲလုံးပဲ အရယူထားရမယ် အရျယူထားရမယ်ဆို တာဖြင့် စိတ်ထဲမှာ မြဲမြဲစွဲဖို့ကြိုးစားကြပါ… (မှန်လှပါဘုရား)။
ဒါကလေးဖြင့် အရယူမဟေ့၊ ဒါကလေးဖြင့် အရယူမဟေ့ ဆိုတာကိုဖြင့် မရသေးရင် ကြိုးစားလိုက်ပါ.. (မှန်ပါ့ဘုရား) မရသေး ဘယ့်နှယ်လုပ်မလဲ … (ကြိုးစားရမှာပါဘုရား)
ကြိုစား လိုက်ပါ ဆိုတာဘုန်းကြီးများကတိုက်တွန်းရတယ်… (မှန်ပါ့ဘုရား) ။
ခင်ဗျားတို့က ရေနစ်သလိုပဲ
ခင်ဗျားတို့ကတော့ဖြင့် ဘာတွေအားကိုးရမယ်လို့ အစစ်ကိုမသိတော့ ခင်ဗျားတို့က ရေနစ်သလိုပဲ… (မှန်ပါ့)။
ရေနစ်တဲ့ပုဂ္ဂိုလ်ဟာဖြင့် ဦးဘအုန်း ၀ါးဖောင်တွေ့လဲ ၀ါးဖောင်အားကိုးလိုက်တာပဲ.. (မှန်ပါ့) ငှက်ပျောဖောင်တွေ့လဲ (ငှက်ပျောဖောင်အားကိုးပါတယ်) ရေလယ်မှာ မြက်သစ်ကိုင်းတွေ တွေ့ပြန်လဲ…. (မြက် - သစ်ကိုင်း အားကိုးပါတယ်ဘုရား) ။
တစ်ခုမှလဲမခိုင်ဘူး … (မခိုင်ပါဘုရား) ၀ါးဖောင်ကလဲ တော်တော်ကြာ ဆွေးမြေ့ ပြီးသွားမှာပဲ (သွားမှာပါပဲ) ရှင်းပြီ… (ရှင်းပါပြီ)။
ငှက်ပျောဖောင်ကလဲ အခွံထဲကရှိတဲ့ရေနဲ့ ပတ်သက်ပြီး ရိညက်ပြီးသွားပြီးသူပါပျက်တာပဲ (မှန်ပါ့) သစ်ခက်တွေ တွေ့ပြန်တော့လဲ ထို့အတူပဲ အားမကိုးလောက်လို့ ပျက်စီးတာပဲ… (မှန်ပါ့)။
အဲ… ခင်ဗျားတို့ နဂိုသိထားတာကတော့ အားကိုးမမှန်ဘူး (မှန်ပါ့ဘုရား) ဒကာကြွယ်ဘယ်နှယ့်တုန်း…. (အားကိုးမမှန်ပါဘုရား) ဦးဘအုန်းကြီး ငယ်ငယ်တုန်းက ကြားထားတာတွေက အားကိုးမမှန်ပဲ … (မှန်လှပါဘုရား)။
ငှက်ပျောဖောင်၊ ၀ါးဖောင်၊ သစ်ခက်ဖောင်တို့ကို ရေထဲနစ်တဲ့ ပုဂ္ဂိုလ်တွေ့သလို ဖြစ်နေတော့ ကိုယ်အားကိုးချင်ရာ အားကိုပြီး ချလိုက်တော့ကို တစ်ခုမှလဲခိုင်တယ်၊ မြဲတယ်ကမတွေ့ (မတွေ့ပါဘုရား)။
အနိစ္စတွေအားကိုးကြတယ်
အဲဒီတော့ကို … ဒကာကြွယ်တို့ သတိပေးချင်တယ်၊ သဗ္ဗေသင်္ခါရာ အနိစ္စတွေအားကိုးလို့တော့ ဘယ်ရမတုန်း… (မရပါဘုရား)။
နတ်ပြည်ဆိုတာလဲ သဗ္ဗေသင်္ခါရာ အနိစ္စ - (မှန်ပါ့) ဗြဟ္မာ့ပြည်ဆိုတာကော … (သဗ္ဗေသင်္ခါရာ အနိစ္စပါဘုရား)။
ဒါက သေသေချာချာ ကြည့်လိုက်တော့မှ သြော် … တို့ငယ်ငယ်တုန်းက သူများပြောသံကြားနဲ့ နတ်အားကိုး၊ နတ်တွေအားကိုး, ဗြဟ္မာပြည်အားကိုးနဲ့ အခု သေသေချာချာဆရာဘုန်းကြီးက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ညွှန်ပြပြန်တော့ သဗ္ဗေ သင်္ခါရာ အနိစ္စထဲ သူတို့ ပါနေတယ် … (ပါနေပါတယ် ဘုရား)။
နတ်လဲပါတယ်… (မှန်ပါ့) ဗြဟ္မာကော… (ပါ-ပါတယ်ဘုရား) ပါတာကို ဦးဘအုန်းကြီးတို့က သူများပြောသံကြားနဲ့ အားကိုးလိုက်တော့ ဒီအနိစ္စတရားတွေ အားကိုးမိလျက်ကြုံနေတယ် - (ကြုံနေပါ တယ်ဘုရား) ဘယ်လိုဆိုကြမယ် ( ဒီအနိစ္စတရားတွေ အားကိုးမိလျက် ကြုံနေပါတယ် ဘုရား)။
ဟာ…. ဒကာကြွယ် ပြောတတ်ပလားဗျ … (ပြောတတ်ပါပြီဘုရား) ခင်ဗျားတို့ရှေးက အားကိုးတာကို ကိုယ့်ဥာဏ်နဲ့ ကိုယ်ဆက်တတ်ပလား … (ဆက်တတ်ပါပြီဘုရား) ရှေးကနတ်ပြည် အားကိုးတယ်နော်… (မှန်လှပါဘုရား) ဗြဟ္မာ့ပြည်အားကိုးကြတယ် …… ပါဠိတော်ထဲ သွင်းလိုက်… (သဗ္ဗေ သင်္ခါရာ အနိစ္စပါဘုရား) ။ (မှန်ပါ့) ကဲ
ကဲ … သူတို့ဟာ သင်္ခါရတရားတွေ (မှန်လှပါဘုရား) သင်္ခါရတရားတွေဆိုတာ လူ့ပြည်ကဒါနနဲ့ ပြုပြင်ထားတာ - (မှန်ပါ့ဘုရား) သီလနဲ့ပြုပြင်ထားတာ (မှန်ပါ့) အဲဒီတော့ သင်္ခါရတရားတွေ ဟိုမှာပေါ်လာတယ် - ( ပေါ်လာပါတယ်ဘုရား ) ။
အဲဒီတရားတွေ သဗ္ဗေ - သင်္ခါရာ အနိစ္စာ … တဲ့၊ မင်းတို့ ပြုပြင်လို့ ပေါ်ထားတာကတော့ကွာ… တဲ့ ၊ ဟိုမှာ ပေါ်ငြားသောလည်း နတ်ဘုံ - နတ်နန်းတွေဟာ အနိစ္စတွေပါတဲ့ ( မှန်ပါ့ ) ရှင်းပလား ( ရှင်းပါပြီ ) ခင်ဗျားတို့က ဒါနပြုပြင်ထားတာကိုး ( မှန်ပါ့ ) သီလနဲ့ … ( ပြုပြင်ထားတာပါဘုရား ) ။
ဒါနနဲ့ ပြုပြင်၊ သီလနဲ့ပြုပြင်ထားတော့ သူတို့ကို ခင်ဗျားတို့ပြုပြင်ထားခြင်းကြောင့် သင်္ခါရတရား … ( မှန်ပါဘုရား ) အဲဒီမင်းတို့ ပြုပြင်ထားတာကို … တော်တော်ကြာကျတော့ အနိစ္စပဲကါ … ( မှန်ပါ့ ) ရှင်းပလား … ( ရှင်းပါပြီ ) ။
ပါ- ရွတ်ပါ ခင်ဗျားတို့ ပါဠိနဲ့ ခင်ဗျားတို့ ရွတ်ဖတ်နေကြတယ် ( သဗ္ဗေ သင်္ခါရာ အနိစ္စပါ ဘုရား ) ။
ကဲ … ဒကာကြွယ် ကိုယ်ပြုပြင်ထားတာ ဘာတဲ့ … ( သဗ္ဗေ သင်္ခါရာ အနိစ္စပါဘုရား) အဲ …. ကိုယ်ပြုပြင်ထားတာက သဗ္ဗေသင်္ခါရာနော်… ( မှန်ပါ့ ) မိမိကဒါနနဲ့ပြုပြင်ထားလိုက်တော့ နတ်ပြည်ဘုံပေါက်တယ်…( မှန်ပါ့ဘုရား ) သီလနဲ့ ပြုပြင်ထားလိုက်တာ နတ်ပြည်အသက်ရှည်ဖို့တွေ ဖြစ်နေတယ် ( မှန်ပါ့ )။
အဲဒီအသက်ရှည်နေတဲ့နတ်, အသက်ရှည်တဲ့ ဘုံတွေဟာဘာတဲ့တုန်း ( သဗ္ဗေ သင်္ခါရာ အနိစ္စပါဘုရား ) အဲ - ဒီကပြုပြင်ထားခြင်းကြောင့် ဟိုမှာ အနိစ္စပဲပေါ်တယ် … ( မှန်ပါ့ဘုရား ) ။
ပြုပြင်ထားတဲ့ တရားဟူသရွေ့ မမြဲဘူး
ဦးဘအုန်းရေ … ဒီကပြုပြင်ထားတဲ့ တရားဟူသရွေ့  ( ဟိုမှာ အနိစ္စပဲပေါ်ပါတယ် ) အနိစ္စချည်း ပေါ်တော့ သစ်ကိုင်းခြောက်ဆွဲမိသလို ဖြစ်နေတယ် ( မှန်ပါ့ဘုရား ) အနိစ္စချည်းပေါ်တော့ ဘာဆွဲသတုန်း ( သစ်ကိုင်းခြောက် ဆွဲမိပါတယ်ဘုရား ) ။
ဒါကြောင့် ပြုတ်ကျတယ်… ( မှန်ပါ့ ) နတ်သမီးငါးရာတို့သုဗြဟ္မာနတ်သား၏ နတ်သမီးငါးရာတို့ သူတို့နဲ့တကွ - အလုံးစုံ ဦးဘအုန်း ပြုတ်ကျတယ် …. ( မှန်ပါ့ ) ။
ဟ … ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းလို့ မေးကြရင် ဘယ့်နှယ့်ဖြေကြမလဲ၊ သဗ္ဗေ သင်္ခါရာ အနိစ္စ အားကိုးလို့ … ( မှန်ပါ့ ) သြော်…… ( မှန်ပါ့ ) ။ အနိစ္စ အားကိုးလို့
နောက်က ဒကာ ဒကာမတွေ … ဘယ်လိုမှတ်ကြမယ်… ( အားကိုးမလွဲစေနဲ့ပါဘုရား ) ခင်ဗျားတို့ နဂိုက မိဘရိုးရာအတိုင်းအားကိုးအားထားတာကတော့ဖြင့် အနိစ္စပဲ အားကိုးထားတယ် ( မှန်ပါ့ဘုရား ) ဦးဘအုန်း - မငြင်းနဲ့တော့ … ( မငြင်းပါဘုရား ) ။
နဂိုက အားကိုးထားတာကဖြင့် ( အနိစ္စပဲအားကိုးထားပါတယ် ) သဗ္ဗေသင်္ခါရာဆိုတာ ခင်ဗျားတို့ ပြုပြင်တဲ့ ဒါနကြောင့် ခင်ဗျားတို့ နတ်ပြည်မှာပေါ်လာတဲ့ ဘုံနန်း - ဗိမာန် ပဒေသာပင်တွေ … ( မှန်ပါ့ ) ရှင်းပလား - ( ရှင်းပါပြီ ) အဲဒါတွေ ဘုရားက ဘာတဲ့တုန်း … ( သဗ္ဗေ သင်္ခါရာ အနိစ္စပါဘုရား ) ။
အဲ … မင်းတို့ ပြုပြင်ထားတဲ့ တရားတွေဟာ ဟိုမှာ အနိစ္စတရားသာပေါ်မယ်ကွတဲ့ …
( မှန်ပါ့ဘုရား ) နိစ္စ - နိဗ္ဗာန်မပေါ်နိုင်ဘူးတဲ့ ( မှန်ပါ့ ) ပေါ်နိုင်ရဲ့ လား
( မပေါ်နိုင်ပါဘုရား )။
တော်တော်ကြာ … ဘုံပါပျောက်၊ နတ်သမီး၊ နတ်သား တွေ ပျောက်
( ပျောက်ပါတယ် ) ဟ … ဘယ့်နှယ့်ကြောင့် ပျောက်ပါလိမ့် မတုန်းမေးတဲ့အခါကျတော့မှ သဗ္ဗေသင်္ခါရအနိစ္စ အားကိုးကြလို့ ( မှန်လှ ပါ ဘုရား ) အနိစ္စပြုတ်ကျလိုက်တာ အပါယ်လေးပါးရော ၊ လူ့ပြည်ရောဆိုသလိုပဲ …. တဲ့ ၊ ဒကာကြွယ်ရဲ့  အကုန်ပြုတ်ကျတယ်… ( မှန်ပါ့ဘုရား ) ။
ဘယ်လိုကြောင့်ပြုတ်ကျပါလိမ့် …( သဗ္ဗေ သင်္ခါရာ အနိစ္စ အားကိုးမိလို့ပါဘုရား ) သဗ္ဗေသင်္ခါရာ အနိစ္စအားကိုးမိလို့ ( မှန်ပါ့ ) အဲဒီတော့ ယနေ့ကစပြီးတော့ ဘယ်သူကပြောပြောဒကာအုန်းတို့ ဒကာကြွယ် မောင်ဘသော်တို့က စပြီးတရား တစ်ပွဲလုံးမယုံကြနဲ့ … ( မှန်လှပါဘုရား ) ပြုတ်ကျမှာပဲ … ( မှန်ပါ့ ) ။
ဘယ့်နှယ်ကြောင့် ပြုတ်ကျသတုန်းဆိုတော့ သူ့ပါဠိတော် ရွတ်ကြည့်လိုက်ရင် မောင်ဘသော်ပေါ်နေပြီ… ( မှန်ပါ့ ) သဗ္ဗေသင်္ခါရာ ……
( မှန်ပါ့ ) ပြုပြင်လို့ပေါ်လာတဲ့ တရားက … ( အနိစ္စလမ်းဆုံးပါတယ်ဘုရား ) ။
မိုးကုတ်ဆရာတော်ဘုရားကြီး
ဝင်းကျော်ဦး
ဆက်လက်၍ အပိုင်း (၃)နာယူဖတ်ရှုကြပါ
Comments
Post a Comment