လောကကို ဖျက်ဆီး နိုင်သော တရား နှစ်ပါး


လောကကို ဖျက်ဆီး နိုင်သော တရား နှစ်ပါးမှာ က္ကသာ နှင့် မစ္ဆရိယ တို့တည်း။ သူတစ်ပါးကို ပျက်စီးစေလိုသော စိတ်သည် မစ္ဆရိယ စိတ်ဖြစ်သည်။ သူတစ်ပါး ကိုယ်စိတ် ချမ်းသာခြင်းကို မနာလိုသော စိတ်သည် က္ကသ၁ာ ဖြစ်သည်။ လွန်စွာ ယုတ်ညံ့၍ သတိထားဖို့ ဆရာဘုန်းကြီးက မကြာခဏ သတိပေးသည်။ ပုထုဇဉ် ဖြစ်သဖြင့် ဆင်ခြင်ဥာဏ် ရှေ့သွားမရှိသော အချိန်တွင် ဖြစ်မိသည်ချည်း။ အလွန် သိမ်မွေ့သည့် ကမ္ဘာဖျက် တရား နှစ်ပါးပါပေ။ ချင့်ချိန်ကြကုန်။
ဝန်တိုခြင်း မစ္ဆရိယ ငါးမျိုး

အဘယ်တို့သည် ၀န်တိုမှု {{မစ္ဆရိယ}}ငါးပါးတို့ မည်သနည်း။

၁။ နေရာကျောင်းကန်၌ ၀န်တိုမှု၊
၂။ အမျိုး (ဒါယကာ)၌ ၀န်တိုမှု၊
၃။ လာဘ်လာဘ၌ ၀န်တိုမှု၊
၎။ အဆင်း၌ ၀န်တိုမှု၊
၅။ တရား၌ ၀န်တိုမှုသည် ရှိ၏။

ဤသည်တို့သည် ၀န်တိုမှု {မစ္ဆရိယ} ငါးပါးတို့တည်း။

၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။
ဗုဒ္ဓဓမ္မ နှလုံးလှ

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး