သရဏဂုံ(၂)မျိုး


လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်ပါးအပြား ရှိသည်။ ထိုတွင်...

(၁) လောကီသရဏဂုံသည်...ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံသုံးပါးအပေါ် ယုံကြည် ဆည်းကပ်မှုဖြင့်တည်သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ညစ်ညူး ကြောင်းတရားများကို ပယ်ဖျောက်လျှက် ရတနာမြတ်သုံးပါး၏ဂုဏ် ကို တိုက်ရိုက်အာရုံပြု၍ ဆောက်တည်မှ ပြီးပြည့်စုံသော သရဏဂုံ မျိုး ဖြစ်သည်။ထိုလောကီသရဏဂုံသည် ညစ်ညူးတတ်၏၊ ပျက်စီးနိုင်၏။ ယခု ဘဝ မညစ်နွမ်း၊ မပျက်စီးခဲ့လျှင်ပင် နောက်နောင် ထိုထိုဘဝတို့၌ ညစ်နွမ်းနိုင်၊ ပျက်စီးနိုင်၏။ ရတနာသုံးပါးကို ကောင်းစွာမသိခြင်း၊ ရတနာသုံးပါး အပေါ်၌ ဟုတ်မှဟုတ်လေပါ့မလားဟု ယုံမှားသံသ- ယဖြစ်ခြင်း (ဝိစိကိစ္ဆာ) တို့သည် လောကီသရဏဂုံကို ညစ်နွမ်း စေသည်။ ထိုသို့ မညစ်နွမ်းအောင် ထိန်းသိမ်းနိုင်ခဲ့လျှင် ကောင်း သောဘုံဘဝ၌ ဖြစ်တည်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

(၂) လောကုတ္တရာသရဏဂုံသည်…သစ္စာလေးပါးတရားတော်ကို သိမြင်ပြီးကုန်သော အရိယာ သူ-တော်စင်များ၏ မဂ်ခဏ၌ ထိုမဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်လာသော သရဏဂုံမျိုး ဖြစ်သည်။ ထိုအရိယာ ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါးအပေါ်၌ မမှိတ်မသုန် ယုံကြည် ကိုးကွယ် ခြင်း ရှိလေတော့၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် မဆောက်တည်ရ ဘဲ အမြဲသရဏဂုံ တည်နေကြသော ပုဂ္ဂိုလ်များ ဖြစ်၏။ဗုဒ္ဓဘာသာ ဝင်အဖြစ်မှ မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပေ။ သရဏဂုံ၏ ညစ်ညူးခြင်း၊ ပျက်စီးခြင်းလည်း မရှိတော့ပေ။ ထို့ ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကုတ္တရာ သရဏဂုံကို ရပေမည်။ ပုထုဇဉ်ဘဝဖြင့် ဘယ်သောအခါမှ မရရှိနိုင်ပေ၊ မဖြစ်နိုင် ပေ။ အရိယာပုဂ္ဂိုလ်များ၏ လောကုတ္တရာ သရဏဂုံသည် နိဗ္ဗာန်ကို မရမခြင်း ဘဝဆက်တိုင်း တည်မြဲ နေလိမ့်မည်။

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး