အဓိပတိသုံးပါး

အဓိပတိသုံးပါး
❆ ❆ ❆ ❆ ❆ ❆ ❆

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာ ရှုနည်းတွင် တရားအားထုတ်တော့မည်ဆိုလျှင် ရှေးဦးစွာလုပ်ဆောင်ရမဲ့ အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။

၁။ မိမိကိုယ်ကို အားထားပြိး တရားအားထုပ်ရမယ်။ ငါသည် စားစရာ နေစရာ မရှိလို့ အားထုတ်တာ မဟုတ်ဘူး။ အို နာ သေ မွဲ ကွဲ တည်းဟူသော သံသရာဝဋ်ဆင်းရဲမှ လွှတ်မြောက်စေခြင်းငှါ တရားအားထုတ်တာ အဒါကို အတ္တာဓိပတိလို့ ခေါ်တယ်။

၂။ လောကကြီးကိုလဲ အဓိပတိထားပြိး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်နေတယ်လို့ အမည်ခံထာယကေမဲ့ တရားအားထုတ်နေတဲ့ အချိန်မှာ လောဘ ဒေါသ မောဟတရားတွေက ဖုံးလွမ်းထားပြီး ရောင်းဝယ်ရေး ကိစ္စတွေကို စဉ်းစားတွေးတော မနေပါနဲ့။ ထိနမိဒ္ဓလဲ မဖြစ်စေနဲ့ ပျင်းလဲမပျင်းနဲ့ အိပ်လည်းအိပ်နဲ့ စိတ်ကိုလည်း မလွင့်စေနဲ့ မတော်တာတွေကို လုပ်နေရင်ဖြင့် ကိုယ်စောင့်နတ်နဲ့ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်ကလည်း သိတယ်။ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်လည်း သိပါတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ လောကကို အဓိပတိထားပြိး အားထုတ်ခြင်းကို လောကာဓိပတိလို့ ခေါ်တယ်။

၃။ တရားတော်ကိုလည်း အဓိပတိထားပြိး ရိုသေလေးစားစွာ တရားအားထုတ်ရမယ်။ တရားတော်ကို ၀ိပဿ    နာဉာဏ်နဲ့ မမြင်မြင်အောင် ကြည့်ရမယ်။ တရားကို မမြင်လျှင် တရားကမရှိလို့ မဟုတ်ပဲ ငါကတရားတော်ကို မလေးစားလို့ မမြင်တာဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို အဓိပတိထားပြိး အားထုတ်ရမယ်။
အဒါကိုတော့ ဓမ္မာဓိပတိလို့ ခေါ်ပါတယ်။

ဓမ္မမိတ်ဆွေများ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

ဓမ္မဒါန

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး