သူတော်ကောင်း၏ ဂုဏ်ရနံ့
သူတော်ကောင်း၏ ဂုဏ်ရနံ့
✍✍✍✍✍✍✍✍✍✍✍
စံပယ် ကြက်ရုံး ဂမုံး နှင်းဆီ စသော ပန်းတို့၏ အနံ့သည် လေညာသို့ ဆန်၍ မမွှေးကြိုင်နိုင်။ သူတော်ကောင်းတို့၏ ဂုဏ်ရနံ့သည်သာလျှင် လေညာသို့ ဆန်လျက် မွှေးကြိုင်နိုင်၏။ အရပ်ဆယ်မျက်နှာလုံးသို့ ပျံ့နှံ့၍ မွှေးကြိုင်နိုင်၏။
ဆောင်ပုဒ်
စံပယ် ကြက်ရုံး၊ ဂမုံး နှင်းဆီ၊ ပန်းထွေလီတို့၊ လေပြည်လေညှင်း၊ သူ ဆောင်ကြဉ်း၍၊ ပျံ့သင်း မွှေးကြိုင်၊လေအောက်လှိုင်လည်း၊ မလှိုင်လေညာ၊ မမွှေးသာဘူး၊ဆယ်ဖြာသုစရိ၊ စုံညီပြည့်မူ၊ ထိုသည့်သူ၏၊ မွှေးကြူသင်းပျံ့၊ ဂုဏ်ရနံ့ကား၊ ပျံ့နှံ့အောက်ထက်၊ လေဆန်တက်၍၊ အဝဂ်တိုင်ထိ၊ ပျံ့လှိုင်ဘိသည်၊ သူ၏ သီလဖြူသောကြောင့်။
သူတော်ကောင်းနှင့် ပေါင်းသင်းပါ
သူတော်ကောင်းကိုသာ မှီဝဲ ဆည်းကပ်ရာ၏။ သူတော်ကောင်းနှင့်သာ ပေါင်းသင်း ဆက်ဆံရာ၏။ သူတော်ကောင်းနှင့် ပေါင်းသင်းဆက်ဆံမှသာ သူတော်ကောင်းတရား သိ၍ အသိ အလိမ္မာ ပညာ ရနိုင်၏။ သူမိုက် သူယုတ်ထံမှ အသိ အလိမ္မာ ပညာ မရနိုင်။
( သဂါထာဝဂ္ဂသံယုတ် )
ဝင်းကျော်ဦး
Comments
Post a Comment