မအားလည်းလုပ်
မအားလည်းလုပ်
🌿🌿🌿🌿🌿🌿🌿
တရားအားထုတ်ဖို့ ပြောတဲ့အခါ
အကြောင်းပြချက် အမျိုးမျိုးနဲ့ သေမင်းခေါ်တဲ့အခါမှာတော့ ဘာအကြောင်းပြချက်မှ ပေးလို့မရဘူးနော် ကောက်ကောက်ပါအောင် လိုက်သွားရမယ် ဘယ်ကိစ္စ ဘယ်ဟာမှ အကြောင်းပြလို့မရဘူးနော် ဒါကြောင့် မအားလဲလုပ်ပါ
တရားအလုပ်ဆိုတာ မအားလဲ လုပ်လို့ရတယ် ထမင်းစားရင်းလုပ်မလား ရေချိုးရင်းလုပ်မလား အချိန်မရွေး နေရာရာမရွေး လုပ်လို့ရတယ် ကုန်ကုန်ပြောရရင် ကျင်ကြီး ကျင်ငယ် စွန့်နေရင်းတောင် လုပ်လို့ရတယ်
လောကီအလုပ်ကတော့ ထမင်းစားနေတုန်း
တခြားအလုပ်လုပ်လို့ မရဘူး ရေချိုးနေတုန်း
တခြားအလုပ်လုပ်လို့ မရဘူး
ဝိပဿနာအလုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး စားရင်လည်းစားမှန်သိ သွားရင်လည်း သွားမှန်းသိ
သောက်ချင်လည်းသောက်မှန်းသိ ပေါက်ရင်လဲ ပေါက်မှန်းသိ
ထမင်းစားနေတုန်းလည်း ထမင်းလုပ်ပြုလုပ်တာ
လက်ကယူတာ ပါးစပ်ဟတာ ထမင်းလုပ်ခံတွင်းကိုသွင်းတာ ဝါးတာ မြိုတာ စသဖြင့်အမူအယာတိုင်းကို သတိလေးကပ်ပြီး ရှု့မှတ်တာဟာ ဝိပဿနာနာလုပ်နေတာပါပဲတဲ့
ရှု့မှ
အဲဒီလို မိမိရဲ့ အမူအယာတိုင်း အမူအယာတိုင်း
သတိလေးကပ်ပြီးရှု့မှတ်တက်သွားမယ်ဆိုရင် လောကီအလုပ်လည်းပြီးမယ် လောကုတ္တရာ
အလုပ်လည်းပြီးမယ်
ဘုရားရှင်လက်ထက်က ရိပ်သာဆိုတာ မရှိပါဘူးတဲ့ သာဝတ္ထိမှာ ခုနှစ်ပုံပုံရင်ငါးပုံကအရိယာတွေတဲ့
သီဟိုဠ်မှာ အရိယာမဖြစ်ဘူးတဲ့ဇရပ်မရှိဘူးတဲ့
သူတို့ တွေဟာလည်း မိမိတို့ ရဲ့ နေ့စဉ်လုပ်ဆောင်
ချက်တွေရဲ့အမူအယာတွေကို ခုလိုပဲ ရှု့မှတ်ရင်း တရားထူးရသွားကြတာပါ
ကဲ ဘယ်လောက်လွယ်သလဲ
ကမ္ဘာပေါ်မှာ အလွယ်ဆုံးနဲ့  တန်ဘိုးအကြီးဆုံး
အလုပ်ဟာ ဝိပဿနာပါပဲ
အချိန်တချိန်တည်းမှာ အလုပ်နှစ်ခု လုပ်နိုင်တာဟာလည်း ဝိပဿနာပါပဲ
မအားလို့ မလုပ်ဖြစ်တာဆိုတာ
မဖြစ်နိုင်ဘူး မလုပ်ချင်လို့  မလုပ်တာပဲ ဖြစ်မယ် မသိလို့ မလုပ်ဖြစ်သေးတာဆိုရင်လည်း
တရားစခန်းဝင်ကြပါတော့လို့  တိုက်တွန်းပါရစေ
စိတ်ပါရင် အိပ်ယာဟာ ရိပ်သာပါပဲဗျာ။
ကဲ လုပ်ဖြစ်အောင်လုပ်။
ချမ်းမြေ့ကြပါစေ
ဝင်းကျော်ဦး
Comments
Post a Comment