ပြောင်ကတုံးနဲ့ ဖုန်းပျော်မယ်

🏵 ပြောင်ကတုံးနဲ့ ဖုန်းပျော်မယ်🏵
✍✍✍✍✍✍✍✍✍✍

ကာမဂုဏ် အာရုံ ဖြတ်ချင်လို့
မာလာထုံ ရဂုံရပ်ကိုဖြင့်
ဂုဏ်အမြတ် တင်လို့ကွယ်။

ရောင်စုံဖြိုးပါတဲ့
ပုဆိုးကို မခင်တွယ်ဘူး
တင်စလွယ် ဖန်ဝါဖုံးပါလို့
ပယ်ဥသျှောင် ပြောင်ကတုံးရယ်နဲ့
ဖုန်းပျော်တော့မယ်။ ။

ဤခန္ဓာ တဏှာ ဆွတာမို့
ကြည်စရာ တခါပြသော်လည်း
သဘာဝ အပျက်နယ်ကို
မက်ဖွယ်လို့ ထင်ပြီဘူး။

ပြည်ပုတ်သဏ္ဍာန်
ဤရုပ်နာမ် နောင်မမြင်၍
မှောင် မထင် ရောင်ရှင်ထွန်းပါတဲ့
သောင်ကျွန်း အမတာ စံရအောင်
ဝနာယံ ရိပ်ဂူနန်းမှာလ
ဓမ္မခန် ဘိက္ခူလုပ်ငန်းရယ်နှင့်ကွယ်
ရမ်းလို့ ရွှင်မြူး 🤗🤗🤗

ဒါလဲ ရေးသားသူ မသိပါ။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး

ငါးမည်ရပြည်ရွှေဘို