ငါဟာ
ချစ်သူရေ♥ ♥
မင်းရဲ့ကောင်းကင်မှာ ငါ့ကို
ကြယ်လေးတလုံးဖြစ်ခွင့်ပေးပါ
လမင်းလေးတစင်း လဲငါဖြစ်ချင်တယ်လေ
တိမ်တိုက်တခုသာဆိုရင်
မင်းရှိတဲ့အရပ်ကိုလိုက်ပြီးရွာချလိုက်ချင်တယ်လေ♥ ♥ ♥
မမြင်ရပေမဲ့ တမ်းတနေမိတယ်
မကြားရပေမဲ့ နားစွင့်နေခဲ့မိတယ်
မတောင်းခဲ့ပဲလည်း ပေးခဲ့လိုက်ပြီ
သစ်ရွက်တရွက်ဆိုရင်
ငါကြွေပြချင်ပါရဲ့❀ ❀ ❀
နှလုံးသားကတော့
အဖြူရောင် စာရွက်လေးတရွက်ပါ
မင်းရေးချင်ရာရေးပေါ့
ငါဟာကြယ်လေးတလုံးပါ
ငါဟာ လလေးတစင်းပါ
သစ်ရွက်လေးတရွက်
တိမ်စိုင်လေးတခုပါ
🖤🖤ချစ်သူရေ 💙💙
Comments
Post a Comment