နှစ်ကိုယ်တူ ချစ်သမျှကို
ပါးပြင်နုနု
ချွေးတွေစုလည်း
မျက်ရည်ဥတို့ မဖုံးကြေး
သနပ်ခါး မွှေးမြ
နေရောင်ကျလည်း....
နှုတ်ခမ်လှလှ မမဲ့ ကြေး
လက်ဖ၀ါးနုနု
သွေးကြည်ဥလည်း
လောကဓံကို မမှုကြေး
ခြေဖ၀ါးလှလှ
ဆူးတွေ ခ လည်း
မျက်ရည် စ တို့ မကျကြေး
ဘ၀ အရေး
နွေးထွေးစရာ အကြင်နာနှင့်
ဖွေရှာအားမာန်
လောက ဒဏ်ကို
ခုခံရင်ဆိုင် တုယှဉ်ပြိုင်လျက်
နိုင်နိုင် ရှုံးရှုံး အတူပြုံးမယ်
မုန်းတယ်လို့လည်း မပြောကြေးနော်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
Comments
Post a Comment